မော်စကိုမြိုမှာ ကျင်းပတော့မယ့် ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် အခမ်းအနားမှာ တခြားနိုင်ငံတွေက ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးကို အာမခံနိုင်မှာ မဟုတ်ဘူးလို သမ္မတ ဇယ်လန်းစကီးက မေလ ၃ရက်နေ့မှာ ပြောကြားလာတာကို Reuters သတင်းမှာဖော်ပြထားပါတယ်။

“ ရုရှားဖက်ဒရေးရှင်းနယ်မြေမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေအတွက် ကျွန်တော်တို တာဝန်မခံနိုင်ပါဘူး” လို ဇယ်လန်းစကီးက Interfax-Ukraine သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာခေါင်းဆောင်တချို တက်ရောက်မယ့် နှစ် ၈၀ ပြည့် ရုရှားရင်ပြင်နီအောင်ပွဲအခမ်းအနား လုံခြုံရေး တာဝန်မယူဘူးလို ယူကရိန်း သမ္မတက သတိပေးလိုက်တာဖြစ်ပါတယ် ။ မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ ရင်ပြင်နီမှာ ပြုလုပ်မယ့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတ အပါအဝင် နိုင်ငံတကာတချို ခေါင်းဆောင်တွေ တက်ရောက်ဖို ရှိနေပြီး ယူကရိန်းသမ္မတက ရုရှားနိုင်ငံအတွင်း ဖြစ်ပျက်မှု အတွက် တာဝန်ယူမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်းအထိမ်းအမှတ်အဖြစ် မော်စကိုမြို ရင်ပြင်နီမှာ နှစ်ပတ်လည်အောင်ပွဲခံချီတက်ပွဲအတွက် မေလ ၈ ရက်ကနေ ၁၁ ရက်အထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားတာလည်းဖြစ်ပါတယ်။