ရီပတ်ဘလီကန်ပါတီ ခေါင်းဆောင်မှုကို ဒေါ်နယ် ထရမ့် ရယူခဲ့တဲ့နောက်ပိုင်း ပါတီကနေ ထွက်သွားတဲ့ ရီပတ် ဘလီကန်တွေဟာ ဒီမိုကရက်တစ်ပါတီညီလာခံ ဒုတိယနေ့ ညကို တက်ရောက်ပြီး စကားပြောဆိုခဲ့ကြပါတယ်။
အဲဒီလို တက်ရောက်လာသူတွေထဲမှာ ထရမ့်ရဲ့ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ဂရစ်ရှမ်နဲ့ ထရမ့်ကို မဲပေးခဲ့ ဖူးသူ ဆွစ်ဆာ တို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ပါတီညီလာခံကို လာရောက်ကြတဲ့ ရီပတ်ဘလီကန် ပါတီ ဝင်ဟောင်းတွေကို ဒီမိုကရက်တွေက ကြိုဆိုခဲ့ကြပြီး အဲဒီလို ကြိုဆိုမှုက လာမဲ့ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ နဲ့ နောက်ပိုင်းကာလတွေမှာလည်း ရီပတ်ဘလီကန်ဘက်ကလူတွေ ဒီမိုကရက်ဘက်ကို ဘက်ပြောင်းပူးပေါင်းလာ ကြရေးမှာ အထောက်အကူအများကြီး ဖြစ်လိမ့်လို့ မျှော်လင့်သူတွေလည်း ဒီမိုကရက်တွေကြားမှာ ရှိနေပါတယ်။

ရီပတ်ဘလီကန် မဲဆန္ဒရှင်တွေအနေနဲ့ သူတို့ရဲ့ မျှော်မှန်းချက်တွေမှာ တူညီမှုတွေရှိနေတယ်ဆိုတာကို သေချာ ကြည့်ရင် တွေ့မြင်နိုင်ကြောင်း ဒီမိုကရက်အချို့က ထောက်ပြနေကြပါတယ်။

ကျေးလက်ဒေသက ရီပတ်ဘလီကန် တွေဟာ ပြည်သူ့ ပညာရေးကဏ္ဍမှာ လူတိုင်းအတွက် အကျိုးမရှိတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ ရှိနေတယ်ဆိုတာကို သဘောပေါက်ထားကြပြီး ရီပတ်ဘလီကန်တွေဟာ လုပ်သင့်တဲ့အရာကို လုပ်သင့်အချိန်မှာ မလုပ်ဘူးဆိုတာကို လည်း သိထားကြတယ်လို့ နယူးဟမ်ရှိုင်းယားကလာတဲ့ ဒီမိုကရက်ပါတီ ကိုယ်စားလှယ်တစ်ယောက်က သူ့အမြင် ကို ပြောပါတယ်။
ရီပတ်ဘလီကန်ပါတီဝင်တချို့ဟာ ဒီမိုကရက်သမ္မတလောင်း ဟဲရစ်ရဲ့ ရွေးကောက်ပွဲမဲဆွယ်မှု တွေမှာ ပူးပေါင်းပါဝင်လာတာတွေရှိနေပြီးတော့ အရီဇိုးနားပြည်နယ်မှာ ထူးထူးခြားခြားအဖြစ် ဟဲရစ်အတွက် ရီပတ်ဘလီကန်များဆိုတဲ့ အဖွဲ့တစ်ဖွဲ့တောင် ပေါ်ပေါက်နေပါတယ်။