ဒိုမီနီကန်သမ္မတနိုင်ငံမှာ မတ်လ ၈ ရက် အစောပိုင်းက နိုက်ကလပ်တစ်ခု ခေါင်မိုးပြိုကျတာကြောင့် သေဆုံးသူ ၂၂၀ အထိ ရှိလာကြောင်း CNN သတင်းမှာ ဖော်ပြပါတယ်။ ဒိုမီနီကန်သမ္မတနိုင်ငံ ဆန်တိုဒိုမင်ဂိုရှိ လူစည်ကားတဲ့ နိုက်ကလပ်တစ်ခုမှာ ခေါင်မိုးပြိုကျခဲ့တာဖြစ်ပြီး သေဆုံးသူဦးရေဟာ ၂၂၀ ထက်မနည်း ရှိလာပြီး ၁၅၀ ကျော် လည်း ဒဏ်ရာရရှိထားတယ်လို သိရပါတယ်။

ဒိုမီနီကန်သမ္မတနိုင်ငံ၊ ဆန်တိုဒိုမင်ဂိုမှာ ပြုလုပ်တဲ့ merengue ဖျော်ဖြေပွဲအတွင်း အမိုးပြိုကျပြီးနောက် Jet Set နိုက်ကလပ်မှာ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေး သမားတွေက အလေးထား ရှာဖွေခဲ့ကြပါတယ်။ ခေါင်မိုးပြိုကျမှုအတွင်း ပိတ်မိနေသူတွေကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေပြီးနောက် အပျက်အစီးတွေကြားမှာ ဘယ်သူမှ မကျန်ရစ်ခဲ့ဘူးလို ဒိုမီနီကန်သမ္မတနိုင်ငံ အရေးပေါ် စစ်ဆင်ရေးဌာနခွဲ ဒါရိုက်တာက နိုက်ကလပ်အမိုးပြိုကျတဲ့ အခင်းဖြစ်နေရာမှာ ဧပြီ ၁၀ ရက်က ပြောကြားခဲ့ ပါတယ်။