လုမ်ဘာဒီဒေသက အယ်လ်ပိုင်း ရေခဲလွှာတွေ အရည်ပျော်ကျနေတဲ့ အခြေအနေကို ပြတဲ့ ဗီဒီယိုတစ်ခုကို အီတလီ သဘာ၀ပတ်ဝန်းကျင်အဖွဲ့တစ်ဖွဲ့က အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။
လီဂမ်ဘီယန့်တ် လို့ခေါ်တဲ့ အဲဒီ သဘာ၀ ပတ်ဝန်းကျင်အဖွဲ့က ရရှိထားတဲ့ အချက်အလက်တွေအရ အီတလီနိုင်ငံမှာ ဒုတိယအကြီးဆုံး ရေခဲလွှာတွေရှိရာ ဒိတ်ဖိုမီ ဒေသမှာ အမြင့်ပေ(၂၅၀၀)က ရေခဲတွေဟာ နေ့ရော ညပါ တစ်ရက်ကို (၄)စင်တီမီတာကနေ (၈) စင်တီမီတာအထိ အရည်ပျော်ကျနေတယ်လို့ ဆိုပါတယ်။
ဒီအတွက် တစ်လတာအတွင်းမှာ ရေခဲလွှာတွေရဲ့ ရှေ့ပိုင်းနေရာတွေမှာ နှစ်မီတာ လောက်နီးနီး ရေခဲထုရဲ့ ထုထည် ကျုံ့ဝင်သွားတယ်လို့ ပြောပါတယ်။