ထိုင်းဝန်ကြီးချုပ်သစ် ပယ်ထုံတန် ရှင်နာဝပ်ထရာက စီးပွားရေးလှုံ့ဆော်ဖို့အအတွက် ဘတ် ၄၅၀ ဘီလီယံဖိုးပေးမဲ့ အငြင်းပွားဖွယ်ရာ အစီအစဉ်ပါဝင်တဲ့ သူရဲ့ပထမဆုံးအစိုးရအဖွဲ့ မူဝါဒကို ကြသပတေးနေ့က ပါလီမန်ကို တင်သွင်း ခဲ့ပါတယ်။
ပါလီမန်ကို တင်ပြပြောကြားတဲ့ သူ့ရဲ့ မူဝါဒမိန့်ခွန်းမှာ ကြွေးမြီပြင်ဆင်သတ်မှတ်ရေး အစီအစဉ်လည်း ပါဝင်ခဲ့ပြီးတော့ ထိုင်းပြည်သူ သန်း ၅၀ ကို ဒီဂျစ်တယ် ငွေပေးချေမှုစနစ်ကနေတစ်ဆင့် တစ်ယောက်ကို ဘတ် ၁၀၀၀၀ စီ အကူအညီပေးအပ်သွားမဲ့ အစီအစဉ်လည်း ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။
အဲဒီ ငွေကြေးအကူအညီထဲက တချို့ကို ငွေသားနဲ့ ပေးချေမယ်လို့လည်း ပယ်ထုံတန်က ပြောသွားပါတယ်။

အဲဒီလို ငွေကြေးအကူအညီ ပေးအပ်မှုဟာ ငွေကြေးစီမံခန့်ခွဲမှုပိုင်းအရ တာဝန်ယူမှုကင်းမဲ့ရာရောက်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ ထိုင်း ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဟောင်းတွေက ဝေဖန်ထားကြပါတယ်။
အဲဒီငွေကြေးတွေ ရရှိဖို့အတွက် ရန်ပုံငွေရှာဖွေ မှုဟာလည်း အတော်လေး ရုန်းကန်ရမဲ့ ကိစ္စရပ်အဖြစ် ရှိနေတယ်လို့ ဆိုပါတယ်။
ကြာသပတေးနေ့က ပါလီမန်ကို တင်သွင်းပြောကြားခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်သစ် ပယ်ထုံတန် ရှင်နာဝပ်ရဲ့ မူဝါဒအများစုဟာ သူ့ရဲ့ ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ အကြံဉာဏ်တွေကို အများဆုံး ထင်ဟပ်နေတယ်လို့ သုံးသပ်မှုတွေလည်း ထွက်ပေါ် နေပါတယ်။