ထိုင်းနိုင်ငံရှိ အစိုးရ၊ ဘဏ္ဍာရေးဝန်ဆောင်မှု အခြေခံအဆောက်အအုံနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ ဆိုက်ဘာ လုံခြုံရေး ခြိမ်းခြောက်မှုတွေ ပိုမိုမြင့်တက်လာတယ်လို့ Bangkok Post သတင်းမှာ ရေးသားထားပါတယ်။ ဆန်းသစ်တဲ့နည်းပညာတွေကို အသုံးပြုပြီး တိုက်ခိုက်မှုတွေ ပိုမိုဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရ၊ ဘဏ္ဍာရေးဝန်ဆောင်မှုအခြေခံအဆောက်အအုံနဲ့ အခြားလုပ်ငန်းခွင်တွေအတွင်းမှာ ဆိုက်ဘာတိုက်ခိုက် မှုတွေ ပိုမိုမြင့်တက်လာတာကြောင့် ဖြေရှင်းရတာတွေလည်း များပြားလာတဲ့အပြင် အသုံးစရိတ်တွေလည်း ပိုမို မြင့်တက်လာတယ်လို့ သက်ဆိုင်ရာဝာာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

ဆိုက်ဘာနည်းပညာ ခြိမ်းခြောက် မှုတွေက အစိုးရလုပ်ငန်းတွေ၊ လေကြောင်းနဲ့ ကာကွယ်ရေး၊ ကုန်ထုတ်လုပ်မှု၊ နည်းပညာနဲ့ ဆက်သွယ်ရေးကဏ္ဍ တွေကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအပြင် ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာမှာလည်း စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့ နေရပါတယ်။