ဂါဇာကို သိမ်းယူမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဆိုပြုချက်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ထောက်ခံလိုက်ပါတယ်။ ဒါ့အပြင် ဂါဇာဒေသထဲက ပါလက်စတိုင်းပြည်သူတွေကို ဒေသထဲကနေ ထွက်သွားခိုင်း ဖိုအတွက် လိုအပ်တဲ့ အစီအစဉ်တွေ ပြင်ဆင်ထားဖိုလည်း အစ္စရေးစစ်တပ်ကို နေတန်ညာဟုက ကြာပတေးနေ့မှာ အမိန့်ပေးလိုက်ပါတယ်။

ထရမ့်ရဲ့ ဂါဇာအဆိုပြုချက်ကို အရှေ့အလယ်ပိုင်းဒေသက ခေါင်းဆောင်တွေက ပြင်းပြင်း ထန်ထန် ရှုတ်ချပြီး အဲဒီအဆိုပြုချက်ဟာ လက်တွေ့အလုပ်မဖြစ်နိုင်သလို တရားလည်းမဝင်ဘူးဆိုကာ ပယ်ချ လိုက်ကြပါတယ်။ အစ္စရေးဝန်ကြီးချုပ်နေတန်ညာဟုကတော့ ဂါဇာဒေသခံတွေကို အိမ်နီးချင်းနိုင်ငံတွေဆီ ပိုပစ်ပြီး ဂါဇာကို ကာလရှည်ကြာသိမ်းယူထားမဲ့ စိတ်ကူးဟာ သိပ် ထူးခြားကောင်းမွန်တဲ့ စိတ်ကူးလို ပြောနေပါတယ်။

အမေရိကန်သမ္မတထရမ့်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က လုပ်ခဲ့တဲ့ အိမ်ဖြူတော် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သူရဲ့ ဂါဇာအဆိုပြုချက်ကို ရုတ်တရက် ထုတ်ပြောခဲ့တာပါ။ လူ့အခွင့်အရေးအဖွဲတွေက ထရမ့်ရဲ့ အဆိုပြုချက်ဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ရာရောက်ပြီး ဂါဇာမှာ လူမျိုးတုံးသန့်စင်အောင်လုပ်တဲ့ သဘောဆောင်မယ် လို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြပါတယ်။