၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် ပြိုင်ဘက် သမ္မတ လောင်း နှစ်ယောက်ဖြစ်တဲ့ ရီပတ်ပလင်ကန်ပါတီက ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီက လက်ရှိ ဒု-သမ္မတ ကမလာဟဲရစ်တို့ရဲ့ ပထမအကြိမ် စကားစစ်ထိုးပွဲကို အင်္ဂါနေ့က ပြုလုပ်ခဲ့ကြပါတယ်။

စကားစစ်ထိုးပွဲ စတင်ဖွင့် လိုက်တဲ့ အချိန်ပိုင်းတွေမှာပဲ သမ္မတလောင်း နှစ်ယောက်ဟာ စီပွားရေးနဲ့ပတ်သက်ပြီး အချင်းများခဲ့ကြတာ တွေ့ရ ပါတယ်၊။
စကားစစ်ထိုးပွဲဟာ ရုပ်သံကနေ ကြည့်ရှုနေတဲ့ မဲဆန္ဒရှင် ပရိသတ် ၁၀ သန်းရှေ့မှာ သမ္မတလောင်း နှစ်ယောက်ရဲ့ အခွင့်အလမ်းတွေရော စွန့်စားရမှုတွေကိုပါ တင်ပြပေးသွားတယ်လို့ ဆိုပါတယ်။

သူတို့နှစ်ယောက်ရဲ့ ရွေးကောက်ပွဲအကြို လူထုစစ်တမ်းတွေမှာတော့ ဒီမိုကရက်တစ်ပါတီရဲ့ ကမလာဟဲရစ်က နှာတစ်ဖျား အသာမှာ ရှိနေပေမယ့် သူ့ကို ထောက်ခံတဲ့ မဲဆန္ဒရှင်တွေကတော့ ရွေးကောက်ပွဲအတွက် လုံလောက်မှု မရှိသေးဘူးလို့ ယူဆနေကြပါတယ်။

ဒေါ်နယ်ထရမ့်ကတော့ အခု စကားစစ်ထိုးပွဲမတိုင်ခင်က ရရှိထားတဲ့ ထောက်ခံမှုနှုန်းကိုပဲ ဆက်ထိန်းထားလိမ့်မယ်လို့ New York Time က စစ်တမ်းတွေရဲ့ ခန့်မှန်းချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။