ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအတွက် Google ၊ Boeing နဲ့ Adobe တို့က ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ သန်းစီ ပေးအပ်လှူဒါန်းခဲ့ကြောင်း Gulf News သတင်းမှာ ရေးသားထား ပါတယ်။ ရန်ပုံငွေတွေ လှူဒါန်းခဲ့ကြတဲ့ Google၊ Boeing နဲ့ Adobe တို့ဟာ လာမယ့်လတွေအတွင်းမှာလည်း အမေရိကန်သမ္မတရဲ့ အခမ်းအနားတွေကို ကျောထောက်နောက်ခံပေးမယ့် ကုမ္ပဏီတွေစာရင်းမှာ ပါဝင်ပါတယ်။

လှူဒါန်းမှုတွေက သေချာကြောင်း ဇန်နဝါရီလ ၉ ရက်က ကုမ္ပဏီတွေရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က အတည်ပြုပြောကြားထားပါတယ်။ OpenAI ကလည်း Amazon၊ Meta တို့နဲ့ ပူးပေါင်းပြီး အမေရိကန်သမ္မတရဲ့ အခမ်းအနားတွေအတွက် ရန်ပုံငွေတွေ လှူဒါန်းသွားဖို့ ရှိတယ်လို့ OpenAI အမှုဆောင် အရာရှိချုပ် Sam Altman က ပြောပါတယ်။ Apple ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Tim Cook ကလည်း ကျမ်းသစ္စာကျိန်ဆိုပွဲ ဖွင့်ပွဲကော်မ တီအတွက် အမေရိကန်ဒေါ်လာ ၁ သန်းလှူဒါန်းထားတယ်လို့ ပြောပါတယ်။