အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့တောင်ပိုင်းမှာ ဘတ်စကားသုံးစီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒါဟာ သံသယဖြစ်ဖွယ်ရှိတဲ့ အကြမ်းဖက်တိုက်ခိုက်မှုလို့ အစ္စရေးရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။

တခြားဘတ်စကားနှစ်စီးမှာတော့ ဖောက်ခွဲ ရေးပစ္စည်းတွေ အ သွားတဲ့အတွက် ပေါက်ကွဲမှု မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ အစ္စရေး ရဲအင်အားအများအပြား ရောက်ရှိနေပြီး သံသယရှိသူတွေကို လိုက်လံ ရှာဖွေနေပါတယ်။ ဖြစ်စဉ်ကြောင့် ဖောက်ခွဲရေးပစ္စည်းတွေကို စိစစ်ရှာဖွေနိုင်ဖို့ နိုင်ငံတစ်ဝန်းက ဘတ်စကားတွေ၊ ရထားတွေနဲ့ လူစီးအပေါ့စား ရထားတွဲတွေကို အသွားအလာ ရပ်နားထားလိုက်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ တက်လာတဲ့ ရုပ်သံမှတ်တမ်း တွေမှာ အနည်းဆုံး ဘတ်စကားတစ်စီး ယာဉ်ရပ်နာကွင်းမှာ မီးလောင်နေတာကို တွေ့ရပြီး မီးခိုးတွေ အူတက် လာတာကို တွေ့ရပါတယ်။ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ အစ္စရေး ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ ဘတ်စကား ပေါက်ကွဲမှုဖြစ်စဉ်အပြီးမှာ အနောက်ဘက်ကမ်းခြေဒေသမှာ စစ်ဆင်ရေးလုပ်ဖို့ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက လုံခြုံရေးတပ်တွေကို ညွှန်ကြားလိုက်ပါတယ်။