ကနေဒါနိုင်ငံ ဂျက်စ်ပါ အမျိုးသား ဘေးမဲ့တောမှာ လောင်ကျွမ်းနေတဲ့ တောမီးကို ဝိုင်းဝန်းကူညီငြှိမ်းသတ်ပေးမဲ့ တောင်အာဖရိက မီးသတ်ဖွဲ့ဝင် (၂၀၀)လောက်ဟာ တနင်္လာနေ့က ကနေဒါနိုင်ငံ အယ်လ်ဘာတာ ပြည်နယ်ကို ရောက်ရှိလာခဲ့ပါတယ်။
အဲဒီလို ရောက်ရှိလာတဲ့ တောင်အာဖရိက မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အက်ဒမွန်တန် နိုင်ငံတကာလေဆိပ်မှာ တောင်အာဖရိက ရိုးရာသီချင်းကို သီဆိုပြီး ကခုန်ခဲ့ကြပါတယ်။
ဂျက်စ်ပါ ဘေးမဲ့တောက တောမီးကို ထိန်းချုပ်နိုင်ပြီဖြစ်ပေမဲ့ အဲဒီတောမီးဟာ လနဲ့ချီ ဆက်လက်လောင်ကျွမ်းမဲ့ သဘောရှိနေတယ်လို့ ကနေဒါအာဏာပိုင်တွေက ပြောပါတယ်။
မနှစ်ကလည်း ဗန်ဒန်ဟူ့ဖ် ဖို့တ်မှာ လောင်ကျွမ်းတဲ့ တောမီးကို ငြှိမ်းသတ်ဖို့ တောင်အာဖရိက မီးသတ်သမား ၂၁၅ ယောက် ရောက်ရှိလာခဲ့ဖူးပါတယ်။