တောင်ကိုရီယားနိုင်ငံ အနောက်တောင်ပိုင်း မူအန်လေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူဦီးရေဟာ ဒီနေ့နေ့လယ် ၁၂ နာရီဝန်းကျင်အထိ ၉၆ ဦး ရှိလာတယ်လို့ CNN က ဖော်ပြပါတယ်။
ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုအတွင်း အမျိုးသား ၄၇ ဦးနဲ့ အမျိုးသမီး ၄၈ ဦးအထိ သေဆုံးခဲ့ပြီး ကျား/ မ အတည်မပြုနိုင်တဲ့ ကလေးငယ်တစ်ဦးလည်း ပါဝင်တာပါ။
လက်ရှိအချိန်အထိ လေယာဉ်အမှုထမ်း အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကိုသာ ကယ်ဆယ်နိုင်သေးပြီး ကျန်တဲ့လူအားလုံးကတော့ သေဆုံးသွားတာဖြစ်နိုင်တယ်လို့ ဒေသခံ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ပျံသန်းလာတဲ့ Jeju Air လေယာဉ်မှာ လူ ၁၈၁ ယောက်အထိ လိုက်ပါလာပြီး လေယာဉ်ဆင်းသက်စဉ်မှာ ဂီယာချို့ယွင်းမှုကြောင့် အခုလို ပျက်ကျခဲ့တာပါ။
အခင်းဖြစ်ပွားခဲ့တဲ့ မူအန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လက်ရှိ တောင်ကိုရီးယားရဲ့ ယာယီသမ္မတလည်း ရောက်ရှိနေတယ်လို့ သိရပါတယ်။