တောင်ကိုရီးယားနိုင်ငံရဲ့ ရာသီဥတုပြောင်းလဲမှုဥပဒေဟာ ၂၀၃၁ ခုနှစ်နဲ့ အဲဒီထက်ကျော်လွန်ပြီး ဓာတ်ငွေ့ ထုတ် လွှတ်မှု လျှော့ချရေး ရည်မှန်းချက်တွေ ပိုမိုလိုအပ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဩဂုတ်လ ၂၉ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကြောင့် တောင်ကိုရီးယား ရာသီဥတုတက်ကြွလှုပ်ရှားသူတွေနဲ့ တရားစွဲသူတွေ ဝမ်းမြောက်နေကြပါတယ်။
ရာသီဥတု တက်ကြွလှုပ်ရှားသူ လူငယ်တွေနဲ့ မွေးကင်းစကလေးငယ်တွေအတွက် အသနားခံသူ ၂၀၀ လောက်ဟာ အနာဂတ်မူဝါဒချမှတ်သူတွေနဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ကာဗွန်ထုတ်လွှတ်မှု လျှော့ချ ရေးတာဝန်ကို ဆိုင်းငံ့ထားတယ်လို့ အစိုးရကို စွပ်စွဲခဲ့ပါတယ်။

စွပ်စွဲမှုနဲ့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကို ၂၀၂၀ ပြည့်နှစ်ကတည်းက အသနားခံစာ တင်သွင်းခဲ့ပါတယ်။ သြဂုတ် ၂၉ ရက်က ခုံရုံးအပြင်ဘက်မှာ တရားလိုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက စီရင်ချက်ဟာ အဆုံးမဟုတ်သေးဘဲ နိဒါန်းသာ ရှိသေးတယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။
၂၀၁၀ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ တောင်ကိုရီးယားရဲ့ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ဥပဒေက ၂၀၃၀ ပြည့်နှစ်မှာ ဓာတ်ငွေ့ထုတ်လွှတ်မှု ရည်မှန်းချက်ကို ချမှတ်ဖို့အတွက် ၂၀၅၀ ပြည့်နှစ် ကာဗွန် ကြားနေအဆင့် ရောက်ရှိဖို့ ရည်မှန်းချက်ကို ပြန်လည်ပြင်ဆင်ခဲ့တယ်လို့ ခုံရုံးက ပြောပါတယ်။
၂၀၃၁ နဲ့ ၂၀၄၉ ခုနှစ်အကြား ကာဗွန်လျှော့ချရေး ရည်မှန်းချက်ပမာဏကို တင်ပြဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ပြောပါတယ်။