တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောလ်က သူထုတ်ပြန်ခဲ့တဲ့ မာရှယ်လော စစ်အုပ်ချုပ်ရေးအမိန့်ကို ညတွက်းချင်း ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ နိုင်ငံရေးအသိုင်းအဝိုင်းက လွှတ်တော်အမတ်တွေဆီက ပြင်းထန်တဲ့ တုံပြန်မှုတွေပေါ်ပေါက်ခဲ့ပြီးနောက် အမတ် ၁၉၀ စုဝေးကာ သမ္မတအမိန့်ကို ပိတ်ဆိုတဲ့ ဆုံးဖြတ် ချက်တစ်ခု ချမှတ်ခဲ့တာဖြစ်ပါတယ်။

ယွန်းက အဓိက အတိုက်အခံပါတီဟာ မြောက်ကိုရီးယားကိုစာနာပြီး နိုင်ငံတော်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်တယ်လို စွပ်စွဲခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီက ထိပ်တန်း အစိုးရရှေ့နေတွေကို စွပ်စွဲပြစ်တင်ဖို လုပ်နေပြီး အစိုးရဘတ်ဂျက် အဆိုပြုချက်ကို ပယ်ချခဲ့တာနဲ့ပတ်သက်လို ယွန်းက အပြစ်တင်ခဲ့ပါတယ်။

ဒေသစံတော်ချိန် မနက် ၅ နာရီ မတိုင်ခင်မှာပဲ ယွန်းက လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်မှုကို ကိုးကားပြီး စစ်အုပ် ချုပ်ရေးအမိန့်ကို ရုတ်သိမ်းမယ်လို ကြေညာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အစိုးရအဖွဲက ဒီအမိန့်ကို ရုပ်သိမ်း လိုက်ပါတယ်။ အခုအခါမှာတော့ သမ္မတ ယွန်းဆော့ယောလ်အနေနဲ့ ရာထူးက ဆင်းမပေးရင် လွှတ်တော်မှာ စွပ်စွဲပြစ်တင်မှုလုပ်ငန်းစဥ် စတင်မယ်လို့ တောင်ကိုရီးယားအတိုက်အခံဒီမိုကရက်တစ်ပါတီက ပြောပါတယ်။