ဗီယင်နာမြို့က တေလာဆွစ်ဖျော်ဖြေပွဲမှာ လူအုပ်ကြီးကို သတ်ဖြတ်ဖို့ လျှို့ဝှက်ကြံစည်မှုကို ကြိုးကိုင်ခဲ့တယ်ဆိုတဲ့ အဓိကသံသယရှိသူ ၁၉ နှစ်သားလူငယ်က ဝန်ခံခဲ့တယ်လို့ သြစတြီးယားပြည်သူ့လုံခြုံရေးဌာန အကြီးအကဲက ပြောဆိုခဲ့ပါတယ်။
အဲဒီလူငယ်ဟာ အင်တာနက်ပေါ်မှာ IS စစ်သွေးကြွအဖွဲ့ရဲ့ခေါင်းဆောင်ကို သစ္စာစောင့်သိ ကြောင်း ကျိန်ဆိုခဲ့ပြီး တိုက်ခိုက်မှုအတွက်ပြင်ဆင်ဖို့ တာနစ်ဇ်က သူ့နေအိမ်မှာ ဓာတုပစ္စည်းတွေနဲ့ နည်းပညာ ပစ္စည်းတွေ သိမ်းဆည်းထားခဲ့တယ်လို့ သိရပါတယ်။
စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ သြစတြီးယားလူငယ်ရဲ့ အိမ်နီးချင်းတွေက အဲဒီလူငယ်ရဲ့ မိသားစုဟာ အလွန်သီးသန့် နေထိုင်ခဲ့ကြပြီး ကလေးတွေပါ အပြင်မထွက်ဘဲ ပတ်ဝန်းကျင်နဲ့ ရောယှက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။
သူတို့ မိသားစုဟာ ဗီယင်နာကနေ ပြောင်းလာတဲ့ မက်ဆီဒိုးနီးယားနွယ်ဖွားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတော့ ဩစတြီးယားမြို့တော်ရဲ့ တောင်ဘက် တစ်နာရီကြာ ကားမောင်းရတဲ့ ဟန်ဂေရီနယ်စပ်အနီး တာနစ်ဇ်ကို ပြောင်းရွှေ့သွားတယ်လို့လည်း ပြောပါတယ်။