တူးမြောင်းပြန်လည်ရယူလိုတယ်ဆိုတဲ့ အဆိုက အမေရိကန်သမ္မတ ထရမ့် လိမ်ညာနေတာဖြစ်တယ်လို့ ပနားမား သမ္မတက ပြောကြားလိုက်တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ သမ္မတထရမ့်က လိမ်ညာနေတာ ဖြစ်ပြီး ပနားမားတူးမြောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်မှာ ထရမ့်ပါဝင်တာ မရှိဘူးလို့ ပနားမားသမ္မတက ပြောဆိုလိုက်တာပါ။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ ပနားမားတူးမြောင်းဟာ တရုတ်ရဲ့ ထိန်းချုပ်မှု အောက်ရောက်ရှိနေပြီး အမေရိကန်ဟာ တူးမြောင်းကို ထိန်းချုပ်သင့်တယ်လို့ ထုတ်ဖော်ပြောဆိုထားတာ ဖြစ်ပါ တယ်။ ပနားမားတူးမြောင်းရှိ ဆိပ်ကမ်းတွေဟာ ၁၉၉၇ ခုနှစ် ကတည်းက တရုတ်ဘဏ္ဍာရေး စည်းမျဉ်းဥပဒေတွေ အောက်မှာ လည်ပတ်နေတာဖြစ်ပြီး ပိုင်ဆိုင်မှုတွေကတော့ ပနားမားအစိုးရနဲ့သာ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ မကြာသေးခင်က ရောင်းချလိုက်တဲ့ ပနားမားတူးမြောင်းရှိ ဆိပ်ကမ်းနှစ်ခုရောင်းချမှုမှာလည်း ပနားမားအစိုးရရဲ့ ခွင့်ပြုချက်နဲ့သာ ရောင်းချလိုက်တာ ဖြစ်ပါတယ်။

၅၁ မိုင်ရှည်လျားတဲ့ ပနားမား တူးမြောင်းဟာ အတ္တလန္တိတ်နှင့် ပစိဖိတ်သမုဒ္ဒရာအကြား အဓိကဆက်သွယ်ရာ ရေလမ်းကြောင်းဖြစ်ပြီး မော်တော် ယာဉ်၊ သဘာ၀ဓာတ်ငွေ့၊ အခြားကုန်ပစ္စည်းတွေနဲ့ စစ်ရေးယာဉ်တွေ သယ်ဆောင်တဲ့ ကွန်တိန်နာသင်္ဘောတွေ အပါအဝင် နှစ်စဉ်နှစ်တိုင်း သင်္ဘောအစင်းပေါင်း ၁၄၀၀၀ လောက် ဖြတ်သန်းသွားရာ ရေလမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။