တူကီယဲနိုင်ငံရဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း NGO ကိုးဖွဲ့ဟာ အစ္စရေးထိုးစစ်ကြောင့် ထိခိုက်ခံစားရတဲ့ လက်ဘ နွန် ပြည်သူတွေအတွက် အကူအညီတွေတင်ဆောင်လာတဲ့သင်္ဘောတစ်စင်း စေလွှတ်မယ်လို့ အောက်တိုဘာ ၂ ရက်က ပြောပါတယ်။
အဲဒီသင်္ဘောဟာ အစားအစာ၊ အိပ်ရာ၊ စောင်နဲ့ တခြားအကူအညီတွေအပါအဝင် ထောက်ပံ့ ပစ္စည်းတန်ချိန် ၁,၃၀၀ ကို သယ်ဆောင်သွားမှာ ဖြစ်တယ်လို့ NGO ကိုးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ဆာဒါကာတစီရဲ့ ဥက္ကဋ္ဌ ကီမာလ်အော့ဇ်ဒါလ်က ပြောပါတယ်။
NGO တွေဟာ သင်္ဘောကို တစ်ပတ်အတွင်း လက်ဘနွန် စေလွှတ်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

လက်ဘနွန်က မြေပြင်စစ်ဆင်ရေးတွေမှာ ပုံမှန်ခြေလျင်တပ်တွေနဲ့ သံချပ်ကာတပ်ဖွဲ့တွေ ပါဝင်နေပြီး ရန်သူဟစ်ဇ်ဘိုလာအပေါ် ဖိအားတွေ တိုးမြင့်နေတယ်လို့ အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဂါဇာမှာ ဟားမာ့စ်အဖွဲ့ကို တိုက်ခိုက်နေရင်းနဲ့ အစ္စရေးဟာ ဟစ်ဇ်ဘိုလာနဲ့ ပဋိပက္ခ အတွက် လက်ဘနွန်တောင်ဘက်မှာ တပ်အင်အား တည်ဆောက်မှုကို အရှိန်မြှင့်နေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ် အတွင်းက အစ္စရေးရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၉၀၀ နီးပါး သေဆုံးပြီး ၉၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ လူပေါင်း တစ်သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ လက်ဘနွန်အစိုးရက ထုတ်ပြန်ထားးပါတယ်။