တူကီယဲ သမ္မတ အာဒိုဂန်ရဲ့ ထောက်ခံအားပေးမှုအပေါ် ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Shariff က ကျေးဇူး တင်စကား ပြောကြားခဲ့ရာမှာ အာဒိုဂန်ကို သူ့က “ချစ်ခင်လေးစားရပါသော ညီအစ်ကိုတော်”လို့ ပြောဆို သုံးနှုန်းခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။ ပါကစ္စတန် ဝန်ကြီးချုပ်ဟာ X လူမှုမီဒီယာ ပလက်ဖောင်းမှာ ရေးသားရာမှာလည်း အခုလို အရေးကြီတဲ့အချိန်မှာ ပါကစ္စတန်နဲ့အတူ စည်းလုံးညီညွတ်မှုနဲ့ ထောက်ခံအားပေးမှုကို တူကီယဲ သမ္မတ အာဒိုဂန်က ပြသခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အာဒိုဂန်နဲ့ စကားပြောကြားရာမှာ ပါကစ္စတန် စစ်တပ်ရဲ့ ရဲစွမ်းသတ္တိနဲ့ အားထုတ်ကြိုးစားမှုတွေနဲ့ပတ်သက်လို့ ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ မိမိတိုရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အစွမ်းကုန် ကာကွယ်သွားမှာဖြစ်ကြောင်းနဲ့ တောင်အာရှဒေသမှာ တင်းမာမှု လျော့ကျစေဖို့နဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းမှုတွေ တိုးမြင့်လာဖို့အတွက် တူကီယဲရဲ့ အားထုတ်မှုကို ပါကစ္စတန်က ကျေးဇူးတင်ရှိကြောင်းကိုလည်း ပါကစ္စတန်ဝန်ကြီးချုပ်က ရေးသားဖော်ပြထားပါတယ်။