အလုပ်သမားနေ့ဖြစ်တဲ့ မေလ ၁ ရက်က တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြိုမှာ ချီတက်ဆန္ဒထုတ်ဖော်သူ ရာနဲ့ချီ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတယ်လို နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။ အစ္စတန်ဘူလ်မြိုလယ်က တက်ဆင်မ် (Taksim)ရင်ပြင်မှာ ဆန္ဒထုတ်ဖော်တာတွေကို တူကီယဲအစိုးရက ၂၀၁၃ ခုနှစ်ကတည်းက ပိတ်ပင်ထားတာပါ။

အလုပ်သမားနေ့ ချီတက်မှုမှာ တက်ဆင်မ်ရင်ပြင်ကို ဝင်ရောက်ဖိုကြိုးပမ်းခဲ့သူ ၄၀၀ ဝန်းကျင်ကို အာဏာပိုင်တွေ က ဖမ်းဆီးခဲ့တယ်လို ဆိုပါတယ်။ အလုပ်သမားနေ့ ချီတက်ပွဲကို ဖြိုခွင်းဖိုအတွက် အစ္စတန်ဘူလ်မှာ ရဲအရာရှိ ၅၀၀၀၀ ကျော်အထိ ချထားခဲ့တယ်လို နိုင်ငံတကာသတင်းတွေက ရေးသားပါတယ်။ မေလ ၁ ရက်မှာ တက်ဆင်မ် ရင်ပြင်ကို ရောက်မလာစေဖိုအတွက် အများပြည်သူသယ်ယူ ပိုဆောင်ရေးတွေကိုလည်း တူကီယဲအာဏာပိုင်တွေ က ပိတ်ထားခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တွေအရ တက်ဆင်မ်ရင်ပြင်ကို ဝင်ရောက်ဖိုကြိုးပမ်းခဲ့သူတွေနဲ့ လုံခြုံရေးတပ်ဖွဲတွေ အကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ လူ့အခွင့်အရေးအဖွဲ အမ်နက်စတီ(Amnesty) International ကလည်း တက်ဆင်မ်ရင်ပြင်မှာ ချီတက်မှုတွေအပေါ် တားမြစ်ချက်ကို ရုပ်သိမ်းပေးဖို တူကီယဲအစိုးရကို တိုက် တွန်းထားပါတယ်။ တူကီယဲသမ္မတ အာဒိုဂန်ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အစ္စတန်ဘူလ်မြိုတော်ဝန် အီမာမိုဂလူ ဖမ်းဆီးခံရပြီးနောက် ပြီးခဲ့တဲ့ မတ်လတုန်းကလည်း တူကီယဲနိုင်ငံမှာ ကြီးမားတဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပွားခဲ့ ပါတယ်။