အမေရိကန်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထဲက အဆင့်တစ်ခုအနေနဲ့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မေလ ၁၅ ရက် တူကီယဲလ်မှာ မျက်နှာချင်းဆိုင်တွေ့ဖို့ ပြောကြားလိုက်ပါတယ်။ ယူကရိန်းနဲ့ဥရောပမဟာမိတ်နိုင်ငံတွေက ခြွင်းချက်မရှိ ရက် ၃ဝ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ပေမဲ့ ရုရှားက လက်မခံတာကြောင့် လူချင်းတိုက်ရိုက်တွေ့ဆုံညှိုနှိုင်းဖို့ ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

စစ်ပွဲကာလအစောပိုင်း ၂၀၂၂ ကတည်းက ဇယ်လန်းစကီးက ရုရှားသမ္မတနဲ့ လူချင်းတွေ့ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ရုရှားဘက်က ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး သတ်ဖြတ်မှုတွေ ရှည်ကြာနေတာက လုံးဝအဓိပ္ပာယ်မရှိပါဘူး။ မေလ ၁၅ ရက်ကျ ပူတင်ကို တွေ့ရဖို့ ကျွန်တော် တူကီယဲမှာစောင့်နေမှာပါ။ ဒီတစ်ခါတော့ ရုရှားဘက်က ဘာဆင်ခြေမှ မပေးပါစေနဲ့လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဆိုပြီး ဇယ်လန်းစကီးက X ပလက်ဖောင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။