ဆော်ဒီအာရေဗီးယားက ဗီဒီယိုဂိမ်းစက် နှစ်သက်သူတစ်ယောက်ဟာ တီဗီတစ်လုံးတည်းနဲ့ ဂိမ်းစက် အလုံး ၄၀၀ ကျော်ကို ချိတ်ဆက်ပြီး စံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။
ဂိမ်းကစားသူ အီဘရာဟမ် အဲလ်နက်ဆာဟာ သူ့ရဲ့ အလျား ပေ ၃၀၊ အနံ ၁၆ ပေ ရှိတဲ့ အခန်းထဲမှာ ဂိမ်းစက်တွေနဲ့ တီဗီကို ချိတ်ဆက်ခဲ့တာပါ။ သူ့ရဲ့ စုစည်းမှုမှာ ဂန္ထဝင်ဖြစ်တဲ့ Metal Gear MSX နဲ့ Arcades ဂိမ်းတွေနဲ့ plug-and-play ကိရိယာမျိုးစုံ ပါဝင်ပါတယ်။
တီဗီတစ်လုံးတည်းနဲ့ ဂိမ်းစက်အများဆုံး ချိတ်ဆက်ပြီး ၂၀၂၄ ခုနှစ် မတ်လမှာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားပါတယ်။
များပြားလှ တဲ့ ကိရိယာတွေ ပိုင်ဆိုင်ထားပေမယ့် စုဆောင်းတာက အဲလ်နက်ဆာရဲ့ ဝါသနာ မဟုတ်ပါဘူး။
သူက ဂိမ်း စုဆောင်းသူ မဟုတ်ဘဲ ခေတ်ဟောင်းဂိမ်းမျိုးစုံကိုပါ နေ့တိုင်းလိုလို ကစားရတာ နှစ်သက်သူသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲလ်နက်ဆာရဲ့ အခန်းထဲမှာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်းက ကျယ်ပြောလှတဲ့ ဂိမ်းစက် တွေအားလုံး ပြသထားပါတယ်။
ဂိမ်းစက်တစ်ခုစီတိုင်းကို သူ့ရဲ့ သမိုင်းဝင်အရေးပါမှုကို တန်ဖိုးထားပြီး ဂန္ထဝင် ဂိမ်းတွေကို ပုံမှန်ကစားရင်း လွမ်းဆွတ်ကြည်နူးရတယ် ဆိုပါတယ်။
ခေတ်ဟောင်းဂိမ်းတွေ ကစားတဲ့အပေါ် သူ့ရဲ့ စိတ်အားထက်သန်မှုအတွက် ကမ္ဘာတစ်ဝန်းက ဂိမ်းဝါသနာအိုးတွေက ချီးကျူးခဲ့ပါတယ်။
အခုလို ကျယ်ပြန့်လှတဲ့ ဂိမ်းစက်တွေအများအပြား တပ်ဆင်မှုက သူ့ရဲ့ စိတ်အားထက်သန်မှုနဲ့ နည်းပညာ ကျွမ်းကျင်မှုကို မီးမောင်းထိုးပြ ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။