အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေကို အမေရိကန်ရဲ့ တာဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခွင့် ယူကရိန်းကို ပေးအပ်လိုက်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

မြောက် ကိုရီးယားတပ်တွေဟာ မော်စကိုဘက်ကနေ ကူညီဖို့ ယူကရိန်းရှေ့တန်းကို တပ်တွေ စေလွှတ်ခဲ့ပြီး ရုရှားက ယူကရိန်းရဲ့ တန်ပြန်တိုက်စစ်တွေ ဖြစ်ပေါ်ခဲ့ရာ ကာ့စ်ဒေသထဲကို တပ်ဖွဲ့ဝင် (၅၀၀၀၀) စေလွှတ်ခဲ့တဲ့နောက် သမ္မတ ဘိုင်ဒန်ရဲ့ အခုဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့တာပါ။

လက်ရှိမှာ အမေရိကန်ရဲ့ တာဝေးပစ် လက်နက်တွေ ဟာ ကာ့စ်ဒေသထဲမှာ အဓိက အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ လက်နက်တွေလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားတပ်တွေဟာ ကာ့စ်ဒေသကို ယူကရိန်းလက်ထဲကနေ ပြန်ရယူပြီး အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ စျေးဆစ်ညှိနှိုင်းရေး အကြောင်းအရာတစ်ခုအဖြစ် အသုံးချနိုင်ဖို့ အဲဒီဒေသတွင်းမှာ တပ်အင်အား စုရုံးပြီး ထိုးစစ်ဆင်ပြန်ဆင်ဖို့ ပြင်ဆင်နေတာပါ။
ဒါကို သဘောမတွေ့တဲ့ အမေရိကန်ဟာ ယူကရိန်းအနေနဲ့ ကာ့စ်ဒေသကို တတ်နိုင်သမျှ ကြာကြာ ဆက်လက် ဆုပ်ကိုင်ထားနိုင်ဖို့အတွက် ကူညီဖို့ အဲဒီတာဝေးပစ်လက်နက်တွေ ထောက်ပံ့ထားတာလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။