အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်က ပြည်ထဲရေးဝန်ကြီးဌာနထဲ ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲမှုအတွင်း တာလီ ဘန် ဒုက္ခသည်ရေးရာဝန်ကြီး ခါလစ် ဟက်ကာနီ သေဆုံးသွားပါတယ်။ ဒါဟာ အာဖဂန်ကို တာလီဘန်တွေ ပြန်လည်စိုးမိုးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ တာလီဘန်အဖွဲ့ထဲက ရာထူးအမြင့်ဆုံး လူတစ်ယောက် သေဆုံးမှု လည်း ဖြစ်ပါတယ်။

အဲဒီအသေခံဗုံးခွဲမှုဟာ ပြည်ထဲရေးရုံးကနေ ဟက်ကာနီ ပြန်ထွက်လာချိန်မှာ ဖြစ်ပွားခဲ့ တာဖြစ်ပြီး အခြားလူ (၆)ယောက်လည်း သေဆုံးခဲ့တယ်လို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောပါတယ်။ ခါလစ် ဟက်ကာနီ ဟာ တာလီဘန်အုပ်စုထဲက အင်အားတောင့်တင်းတဲ့ ဟက်ကာနီ ကွန်ရက်လို့ ခေါ်တဲ့ အဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ယောက် ဖြစ်ပြီးတော့ အမေရိကန်ပြည်ထောင်စုက အကြမ်းဖက် သမားအဖြစ် သတ်မှတ်ထားသူလည်း ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာလို့ အိုင်အက်စ် (IS) အဖွဲ့က ပြောထားပြီး အိုင်အက်စ်ရဲ့ ဝါဒဖြန့်မီဒီယာ အာမက်သတင်းဌာနကလည်း အိုင်အက်စ် စစ်သွေးကြွ တစ်ယောက်က ဒုက္ခသည်ရေးရာဝန်ကြီး ပြည်ထဲရေးရုံးထဲက ထွက်လာချိန်ကို စောင့်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ တာလို့ ပြောပါ တယ်။ ဟက်ကာနီဟာ အိုင်အက်စ်အဖွဲ့ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသွားတယ်လို့ တာလီဘန် ပြောခွင့်ရသူတစ်ယောက်ကလည်း အတည်ပြုပြောဆိုထားပါတယ်။