တရုတ် AI နည်းပညာလွှမ်းမိုးမှုကြောင့် အခုသီတင်းပတ်အတွင်း အာရှစတော့ရှယ်ယာဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အာရှစတော့ရှယ်ယာဈေးနှုန်းတွေက သိသိ သာသာ မြင့်တက်နေပေမယ့် တစ်ဖက်မှာတော့ အမေရိကန်စတော့ရှယ်ယာဈေးနှုန်းတွေကတော့ တည်ငြိမ်နေ ပါတယ်။

တရုတ် နည်းပညာလွှမ်းမိုးပြီး ဈေးကွက်ကြီးစိုးလာမှုကြောင့် ထိပ်တန်း ချစ်ပ်ထုတ်လုပ်သူ Nvidia ရှယ်ယာဈေးနှုန်းတွေကလည်း ၁၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး သမိုင်းတစ်လျှောက် အကြီးမားဆုံး စျေးကွက် အရင်းအနှီး ဆုံးရှုံးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဩစတြေးလျရှိ နည်းပညာကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာဈေးနှုန်း တွေ ကျဆင်းခဲ့သလို တရုတ်(တိုင်ပေ)နဲ့ တောင်ကိုရီးယားရှိ နည်းပညာကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာဈေးနှုန်းတွေ ကလည်း ကျဆင်းနေပါတယ်။ OpenAI ၊ Google နဲ့ Anthropic တို့လို ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ လုပ်ငန်းကြီးတွေကလည်း ဈေးကွက်တန်ဖိုးတွေ အဆမတန် ကျဆင်းသွားမှာကို စိုးရိမ်နေကြပါတယ်။

တန်ဖိုးနည်း တရုတ် ဉာဏ်ရည်တုမော်ဒယ် DeepSeek ရဲ့ AI နည်းပညာကုမ္ပဏီတွေအပေါ် လွှမ်းမိုးမှု ခြိမ်းခြောက် လာတာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေကလည်း စိုးရိမ်နေကြပါတယ်။