တရုတ်နိုင်ငံကို H20 ဂရပ်ဖစ်လုပ်ဆောင်ခြင်းယူနစ်တွေတင်ပို့ခြင်းကနေ သုံးလတစ်ကြိမ် အမေရိကန် ဒေါ်လာ ၅ ဘီလီယံခွဲနီးပါး ကောက်ခံမှာဖြစ်ကြောင်း Nvidia ကကြေညာချက်ထုတ်ပြန်လိုက်တယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။

ဧပြီလ ၉ ရက်နေ့က အမေရိကန်အစိုးရက Nvidia ချစ်ပ်ပြားတွေ တရုတ်နဲ့ အခြားနိုင်ငံအချို့ကို တင်ပို့ရာမှာ လိုင်စင်လိုအပ်ကြောင်း ပြောကြားထားပါတယ်။
အဲဒီကြေညာချက်ကြောင့် Nvidia ထုတ် ချစ်ပ်တွေအပေါ် တင်ပို့မှုကန့်သတ်ချက်တွေ တိုးမြှင့်လာရတာဖြစ်ပြီး တရုတ်နိုင်ငံကို H20 ဂရပ်ဖစ်လုပ်ဆောင်ခြင်းယူနစ်တွေ တင်ပို့ခြင်းကနေ သုံးလတစ်ကြိမ် အမေရိကန် ဒေါ်လာ ၅ ဘီလီယံခွဲနီးပါး ကောက်ခံသွားမှာလို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီလိုကောက်ခံကြေးကနေတစ်ဆင့် စစ်ဘက်ဆိုင်ရာသုံးစူပါကွန်ပြူတာတွေဖန်တီးရာမှာ အသုံးပြုနိုင်ကြောင်း အမေရိကန်အစိုးရကပြောကြားထားပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန်၊ စင်ကာပူတို့ပြီးရင် Nvidia ထုတ် ချပ်စ်ပြားတွေ ရောင်းအားအကောင်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

တစ်ဖက်မှာလည်း Nvidia စတော့ရှယ်ယာဈေးနှုန်းတွေက ၆ % ကျော်ကျဆင်းသွားတယ်လို့ သိရပါတယ်။