ဗီယက်နမ် သမ္မတ တိုလမ်ဟာ သုံးရက်ကြာခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို တနင်္ဂနွေနေ့က ရောက်ရှိလာတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဗီယက်နမ်သမ္မတရဲ့ ပေကျင်းခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်းပင်၊ ဝန်ကြီးချုပ် လီကျန်းတို့နဲ့ တွေ့ဆုံဖို့လည်း ရှိတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
အခုလအတွင်း ဗီယက်နမ် ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ရာထူးကို တိုးမြှင့်ခန့်အပ်ခံရတဲ့ ဗီယက်နမ်သမ္မတ တိုလမ်ဟာ ကွမ်ကျိုးမြို့ကို ရောက်ရှိနေကြောင်းလည်း စီစီတီဗီ သတင်းဌာနက ပြောပါတယ်။
ဗီယက်နမ်နဲ့ တရုတ် ခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုတွေမှာ စီးပွားရေးနဲ့ ကုန်သွယ်မှု ဆက်ဆံရေးတွေ ကောင်းမွန် စွာ ဖွံ့ဖြိုးတိုးတက်ဖြစ်ပေါ်ခဲ့တဲ့ နှစ်နိုင်ငံကြား နီးကပ်တဲ့ဆက်ဆံရေးကို အတည်ပြုပေးတဲ့ တွေ့ဆုံမှုတွေ ဖြစ်ဖွယ် ရှိနေပါတယ်။
အခု တရုတ်ခရီးစဉ်ဟာ ဗီယက်နမ် သမ္မတ ရထူးကို လက်ခံရယူပြီးတဲ့နောက် တိုလမ်ရဲ့ ပထမဆုံး တရုတ်ခရီးစဉ်လည်း ဖြစ်ပါတယ်။