အခုနှစ်အတွင်း သုတေသနစွမ်းရည်ကို မြှင့်တင်ဖို့နဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ နည်းပညာသစ်တွေ ဆန်းသစ်တီထွင်နိုင်ဖို့အတွက် တရုတ်မှာ ဝန်ထမ်း ရာနဲ့ချီ ထပ်မံခန့်အပ်ခဲ့တယ်လို့ Nvidia ကော်ပိုရေးရှင်းက ထုတ်ပြန်ထားတာကို ကိုးကားပြီး Bloomberg သတင်းမှာ ရေးသားထားပါတယ်။

လုပ်ငန်းတိုးချဲ့မှု တစ်စိတ် တစ်ပိုင်းအနေနဲ့ Nvidia ကုမ္ပဏီဟာ ဘေဂျင်းမှာရှိတဲ့ ဝန်ထမ်း ၂၀၀ နီးပါးကို အလိုအလျောက် မောင်းနှင်ခြင်း ဆိုင်ရာ သုတေသနအဖွဲ့တစ်ဖွဲ့အဖြစ် ပေါင်းစည်းဖို့လည်း စီစဉ်ခဲ့ပါသေးတယ်။ဝန်ဆောင်မှုနဲ့ ကွန်ရက်ချိတ်ဆက်ဆော့ဖ်ဝဲလ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခုလို ဝန်ထမ်းအင်အား ထပ်မံတိုးချဲ့ခဲ့တာဖြစ်တယ်လို့ အမေရိကန်ကုမ္ပဏီ Nvidia က ပြောကြားထားပါတယ်။

ကမ္ဘာပေါ်မှာ ဈေးကွက်တန်ဖိုး အမြင့်ဆုံး နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Nvidia ဟာ ၂၀၂၄ ခုနှစ်အစမှာ ဝန်ထမ်းအင်အား ၃၀၀၀ သာ ရှိပေမယ့် နှစ်ကုန်ပိုင်းမှာတော့ ၄၀၀၀ အထိ တိုးလာတယ်လို့ ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောကြားထားပါတယ်။ Nvidia ဟာ အဆင့်မြင့် ဉာဏ်ရည်တု ချစ်ပ်ပြားတွေထုတ်လုပ်ဖို့ လိုအပ်ချက်ကို ရှာဖွေဖြည့်ဆည်း လုပ်ဆောင် နေတာကြောင့် headcount ကို တစ်ကမ္ဘာလုံးမှာ တိုးချဲ့လျက်ရှိနေတာလည်း ဖြစ်ပါတယ်။