တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချန်ဒူးမြို့မှာ ရေဒါဖမ်းယူထောက်လှမ်းရခက်ခဲတဲ့ ထူးခြား စစ်လေယာဉ် နှစ်စင်းကို တွေ့ရှိခဲ့ကြောင်း ဗီဒီယိုဖိုင်ထုတ်ပြန်ချက်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

စစ်လေယာဉ် ဒီဇိုင်းနှစ်မျိုးစလုံးက သာမန်ထက် ပိုရှည်လျားပြီးချုပ်ကိုင်မှုကို ထိန်းသိမ်းရာမှာ ကူညီနိုင်ဖို့အတွက် အထူးတီထွင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။
အင်ဂျင်အတွက် လေဝင်ပေါက် (၃)ခုပါရှိကာ၊ နှစ်ခုမှာ လေယာဉ်ကိုယ်ထည်နဲ့ တွဲလျက်ရှိပြီး အပေါ်တစ်ခုကတော့ အလွန်ထူးခြားတဲ့ပုံစံဖွဲ့စည်းမှုတစ်ခုနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။

ထပ်ပြီးထူးခြားတာက လေယာဉ်နှစ်စင်းစလုံးမှာ အမြီးပိုင်း မပါရှိဘဲ ရေဒါဖမ်းယူရခက်ခဲတဲ့ Stealth လေယာဉ်တွေရဲ့ ထူးခြားချက်ဖြစ်တဲ့ ထောင့်မှန်ပုံသဏ္ဌာန်တွေ လည်း မပါရှိပါဘူး။
အခုလို ထူးခြားတဲ့ စစ်လေယာဉ်တွေ့ရှိမှုနဲ့ပတ်သတ်ပြီး ရိုက်တာသတင်းဌာနရဲ့မေးမြန်းမှုကို တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်း တုံ့ပြန်ဖြေကြားထားတာမရှိဘူးလို့ သိရပါတယ်။