တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်းရှီပြည်နယ် အဝေးပြေးလမ်းတစ်ခုက တံတားတစ်စင်း ပြိုကျမှုကြောင့် သေဆုံးသူ ၁၂ ဦးအထိ ရှိလာတယ်လို့ သိရပါတယ်။
တံတားပြိုကျမှုက ကားအပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းတဲ့လုပ်ငန်းတွေ ဒုတိယရက် ဆောင်ရွက်ပုံကို ဇူလိုင် ၂၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင် ၁၉ ရက်က နှောင်းပိုင်းက ရှန်လူအိုမြို့က အဝေးပြေးလမ်းကို ရုတ်တရက် ရေလွှမ်းမိုးခဲ့မှုကြောင့် တံတားတစ်စင်း ပြိုကျပြီး မော်တော်ကားတွေ တံတားအောက်က မြစ်ထဲပြုုတ်ကျခဲ့တာပါ။
သေဆုံးသူ ၁၂ ဦးထံက DNA နမူနာတွေ ရယူပြီး မည်သူမည်ဝါ ဖော်ထုတ်ထားပြီးပြီလို့ CCTV ရုပ်သံက ပြောပါတယ်။
ပြိုကျနေတဲ့ တံတားအပိုင်းက လေးကီလိုမီတာအကွာမှာ ရေထဲကျသွားတာ ကား ၂၅ စီးအနက် နှစ်စီးကို တွေ့ရှိခဲ့ပါတယ်။
လူပေါင်း ၈၅၉ ဦး၊ ကားအစီးရေ ၉၀၊ လှေအစီး ၂၀ နဲ့ ဒရုန်း ၄၁ စင်းတို့ပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို ဇူလိုင် ၂၀ ရက်က စေလွှတ်ထားတယ်လို့ တရုတ်မီးသတ်နဲ့ ကယ်ဆယ်ရေးအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။