ကနေဒါနိုင်ငံဟာ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့် စည်းကြပ်လာ ရင် အမေရိကန် ကုန်စည်တွေကိုလည်း တုံ့ပြန်အခွန်စည်းကြပ်ဖို့ ပြင်ဆင်နေပါတယ်။ အခွန်စည်းကြပ်မှုတွေဟာ ကမ္ဘာတစ်ဝန်းမှာ ကုန်စျေးနှုန်းတွေ မြင့်မားလာစေမဲ့ ကုန်သွယ်ရေး စစ်တစ်ခုကို ဖြစ်စေလာနိုင်တယ်ဆိုတာကို အဲဒီ ပြင်ဆင်မှုတွေက ညွှန်ပြနေပါတယ်။

ကနေဒါအရာရှိတွေဟာ ကနေဒါကိုတင်ပို့နေတဲ့ အမေရိကန်ကုန်စည် ဒါဇင်များစွာပါဝင်တဲ့ စာရင်းတစ်ခုကို စတင်ပြုစုနေပြီး ပါဝင်တဲ့ ကုန်စည်တွေဟာ နိုင်ငံရေးအရ အဓိပ္ပာယ်ရှိတဲ့ သတင်းစကားကို ကိုယ်စားပြုနိုင်သလို စီးပွားရေးအရ နစ်နာဆုံးရှုံးမှုတွေကို အတိုင်းအတာတစ်ခုထိ ဖြစ်ပေါ်စေ နိုင်တဲ့ ကုန်စည်တွေဖြစ်တယ်လို့ အဲဒီကိစ္စနဲ့ နီးစပ်တဲ့ ကနေဒါအရာရှိတွေက CNN ကို သောကြာနေ့က ပြောပါ တယ်။အဲဒီကုန်စည်တွေထဲမှာ ဘိလပ်မြေ၊ သံမဏိ၊ ပရိဘောဂ၊ ဘော်ဘွန်းနဲ့ ဂျက်ဒန်နီရယ် ဝီစကီလို ယစ်မျိုးကုန်စည် ၊ လိမ္မော်ရည်နဲ့ တိရစ္ဆာန်အစားအစာ အပါအဝင် တခြားကုန်စည်အများအပြား ပါဝင်နေပါတယ်။

ဒါ့အပြင် နောက်ဆုံးပိတ်မှာ ကနေဒါကနေ အမေရိကန်ကို တင်ပို့နေတဲ့ စွမ်းအင်ကုန်စည်တွေကိုလည်း အခွန်ကောက်ခံမှု တွေ လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။ အခုကုန်စည်စာရင်းတွေကို အခွန်စည်းကြပ်မှုလုပ်ဖို့ အပြီးသတ် ဆုံးဖြတ် ချက် မကျသေးဘဲ စာရင်းပါ ကုန်စည်အမျိုးအစား အပြောင်းအလဲရှိနိုင်သလို စာရင်းပါ ကုန်စည်အားလုံးကို မဟုတ်ဘဲ တချို့ကုန်စည်တွေကို ချန်ရစ်ပြီး အခွန်စည်းကြပ်သွားတာမျိုးလည်း ဖြစ်နိုင်ကြောင်း ကနေဒါ အရာရှိတွေက ပြောပါတယ်။