အမေရိကန်ဒုသမ္မတလောင်းတွေဖြစ်ကြတဲ့ တင်(မ်)ဝေါ့(ဇ်) နဲ့ ဂျေဒီဗန့်စ်တို့ နယူးယောက်မြို့မှာ CBS ရုပ်သံရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ အင်္ဂါနေ့ညက စကားစစ်ထိုးခဲ့ကြပါတယ်။
စကားစစ်ထိုးပွဲမှာ ရွှေ့ပြောင်းအရေး နဲ့ စီးပွားရေးကိစ္စရပ်အပေါ်မှာ ပြိုင်ဘက်နှစ်ယောက်ကြား အဓိက အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။
အစ္စရေး အပေါ် အီရန်ရဲ့ ဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှုဟာ စကားစစ်ထိုးပွဲ မစခင် နာရီပိုင်းအလိုမှာ ပေါ်ပေါက်ခဲ့တာမလို့ စကားစစ်ထိုးပွဲကို ကြီးကြပ်တဲ့ ဒိုင်တွေက ကိုယ်စားလှယ်လောင်းနှစ်ယောက်ကို အရင်ဆုံးမေးခဲ့တဲ့ မေးခွန်းဟာ အရှေ့အလယ်ပိုင်းအရေး ဖြစ်ခဲ့ပါတယ်။
ဗန့်စ်က အမေရိကန်တောင်ပိုင်းနယ်စပ်မှာ ရွှေ့ပြောင်းဒုက္ခသည်စံချိန်တင် ဝင်ရောက်မှုအတွက် ကာမာလာဟဲရစ်ကို ဝေဖန်တိုက်ခိုက်သွားခဲ့ပြီး ဝေါ့(ဇ်)ကလည်း ဗန့်စ်ဟာ ရွှေ့ပြောင်းတွေကို အပုပ်ချပြောဆိုနေတယ်လို့ စွပ်စွဲဝေဖန်သွားခဲ့ပါတယ်။
အိုဟိုင်းအိုးမြို့မှာ ဟေတီရွှေ့ပြောင်းတွေ ရောက်ရှိ နေထိုင်မှုနဲ့ ပတ်သက်ပြီး ဗန့်စ်ရဲ့ ဥပဒေအရ ညီညွတ်မှု ရှိမရှိ မေးခွန်းထုတ် ပြောဆိုမှုတွေကို စကားစစ်ထိုးပွဲ ဒိုင်တွေက အချက်အလက်စစ်ဆေးမှုတွေ လုပ်ပြခဲ့တဲ့နောက် ဗန့်စ်ဟာ နှုတ်ဆိတ်နေခဲ့ရပါတယ်။
စကားစစ်ထိုး ပွဲဟာ အများအားဖြင့် တည်တည်ငြိမ်ငြိမ် ရှိခဲ့ပေမဲ့ ကိုယ်ဝန်ဖျက်ချမှု အပိုင်းကို ရောက်လာချိန်မှာ အပြန်အလှန် ငြင်းခုံမှုတွေနဲ့ အနည်းငယ် ဆူဆူညံညံ ဖြစ်သွားခဲ့ပါတယ်။
ဟာရီကိန်း ဟယ်လန်တိုက်ခတ်မှုအပြီး ကြုံတွေ့ရတဲ့ ထိခိုက်ပျက်စီးမှုတွေကို အကြောင်းပြုပြီးတော့လည်း ရာသီဥတုပြောင်းလဲမှုအရေးကို အချိန်ပေးဆွေးနွေးခဲ့ပြီး ကိုင်တွယ်ဖြေရှင်းမဲ့နည်းလမ်းတွေကိုပါ ထည့်သွင်း ပြောဆိုသွားခဲ့ကြပါတယ်။