ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ ပညာရေးစင်တာတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ပစ်ခတ်မှုအတွင်း လူ ၁၀ ယောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားတာကို BBC သတင်းမှာ ရေးသားထားပါတယ်။

မြို့တော် စတော့ ဟုမ်းရဲ့ အနောက်ဘက် ၂၀၀ ကီလိုမီတာအကွာ Orebro ရှိ Risbergska ကျောင်းမှာ ဖေဖော်ဝါရီ ၄ ရက်က ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ ဒါဟာ ဆွီဒင်သမိုင်းမှာ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ် တယ်လို့ ဆွီဒင်၀န်ကြီးချုပ်က ပြောကြားထားပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအရေအတွက်လည်း ဆက်လက်တိုးလာနိုင်တယ်လို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။

လက်ရှိမှာ ဒဏ်ရာရသူ အများအပြားကို ဆေးရုံကို ပို့ဆောင်ထားပြီး အနည်းဆုံး လူလေးယောက်ကို ခွဲစိတ်တာတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်ငါးယောက်လည်း သေနတ်ထိမှန်ခဲ့ပြီး အဲဒီ ဖြစ်စဉ်ကို လူသတ်မှုကျူးလွန်ဖို့ကြိုးပမ်းမှု၊ မီးရှို့မှုနဲ့ ပြင်းထန်တဲ့ လက်နက်ကျူးလွန်မှုတွေအဖြစ် သတ်မှတ် စုံစမ်းစစ်ဆေးနေပါတယ်။ ဒေသခံမီဒီယာတွေကတော့ လူ ၁၀ ယောက်လောက် သေဆုံးခဲ့ပေမယ့် သေဆုံးသူ အရေအတွက်က ထပ်တိုးလာနိုင်တယ်လို့ ပြောကြားထားပါတယ်။