ပညာရေး စင်တာမှာ သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက် သေနတ်ဥပဒေကို တင်းကြပ်ထိန်းချုပ်သွားမယ်လို့ ဆွီဒင် လက်ယာဝါဒီအစိုးရက သောကြာနေ့မှာ ပြောလိုက်ပါတယ်.။ဆွီဒင်မှာ သေနတ်သမားတစ်ယောက်က သူပိုင် လိုင်စင်ရ ရိုင်ဖယ်သေနတ်တွေကို သုံးပြီး အော်ရီဘိုမြို့က ပညာရေးစင်တာတစ်ခုထဲကို ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ နိုင်ငံသမိုင်းမှာ လူ(၁၀)ယေက်သေဆုံးပြီး လူအသေအပျောက်အများဆုံး ဖြစ်စေခဲ့ပါတယ်။

သေနတ်သမားဟာ အသက် (၃၅) နှစ်အရွယ် ရစ်ချတ်ဒ် အန်ဒါဆန်ဆိုသူဖြစ်တယ်လို့ ဆွီဒင်မီဒီယာတွေက ဖော်ပြပါတယ်။ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း အမျိုးသမီး (၇) ယောက် နဲ့ အမျိုးသား (၄) ယောက်သေဆုံးခဲ့ကာ ပစ်ခတ်မှုတရားခံ အန်ဒါဆန်ပါ သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ ဆီးရီးယားနိုင်ငံတွင်းက ညှင်းပန်းနှိပ်စက်မှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာတဲ့ ခရစ်ယာန်တွေလည်း ပါဝင်ပြီး သေနတ်သမားက ဘာကြောင့် အဲဒီလို ပစ်ခတ်မှုကျူးလွန်ရသလဲဆိုတဲ့ စေ့ဆော်မှုကို ရဲတပ်ဖဇွဲ့က မဖော်ထုတ်နိုင်သေးပါဘူး။
ဆွီဒင်ဝန်ကြီးချုပ်က အဲဒီဖြစ်စဉ်မှာ ဆွီဒင်ထဲက ရွှေ့ပြောင်းအခြေချမှု နောက်ခံရာဇဝင်ရှိသူတွေကို ကြောက်ရွံ့ထိတ်လန့်စေခဲ့ပြီး လူတိုင်း စည်းလုံးညီညွတ်စွာ နဲ့ မိမိတို့ ချစ်မြတ်နိုးစွာ ဆုပ်ကိုင်ထားတဲ့ တန်ဖိုးတွေအတွက် ခိုင်ခိုင်မာမာ ရပ်တည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။