ရုရှား- ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်ဖို့အတွက် ယူကရိန်းနဲ့ အမေရိကန်အရာရှိတွေအကြား ဆွေးနွေးမှုမတိုင်မီ တစ်ရက်အလိုမှာ ဆော်ဒီအာရေးဗီးယား ကို ယူကရိန်းသမ္မတဇယ်လန်းစကီးရောက်ရှိလာတယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

ယူကရိန်းသမ္မတဟာ ဆော်ဒီအာရေးဗီးယားကိုရောက်ရှိလာပြီး ဆော်ဒီအာရေးဗီးယား အိမ်ရှေ့မင်းသားနဲ့တွေ့ဆုံဆွေးနွေးပြီး ရုရှား-ယူကရိန်းအရေးကို အဓိကထားဆွေးနွေးသွားမယ်လို့ သိရပါတယ်။ပဋိပက္ခအဆုံးသတ်ရေးအတွက် ကြီးမားတဲ့တိုးတက်မှုတွေ ပေးစွမ်းနိုင်မယ်လို့ ရည်ရွယ်ပြီး ယူကရိန်းနဲ့ အမေရိကန်အရာရှိတွေအကြား ဆွေးနွေးပွဲမစမီ တစ်ရက်အလိုမှာ ဆော်ဒီအာရေးဗီးယားရှိ ဂျစ်ဒါမြို့ကို ရောက်ရှိလာတာဖြစ်ပါတယ်။

ယူကရိန်းအကျပ်အတည်း ဖြေရှင်းဖို့ နဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိစေရေးအတွက် ရည်ရွယ်ပြီး နိုင်ငံတကာ ကြိုးပမ်းဆောင်ရွက်မှုအားလုံးအတွက် ဆော်ဒီအိမ်ရှေ့မင်းသားကထောက်ခံမှု အလေးပေးခဲ့ကြောင်း ဆော်ဒီနိုင်ငံပိုင် သတင်းဌာန SPA က ထုတ်ပြန်ပါတယ်။တစ်ဖက်မှာလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ဟာ ဆော်ဒီအာရေးဗီးယား နိုင်ငံကို ရောက်ရှိလာပြီး သမ္မတထရမ့် တိုက်တွန်းထားတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ရှိနေပါတယ်။