ဆီးရီးယား ဒုတိယမြို့တော် အလက်ပိုကို သူပုန်တွေက ထိန်းချုပ်လိုက်ပြီးနောက် ဒီဇင်ဘာ ၁ ရက်က သမ္မတ ဘာရှား အဲလ်အာဆတ်ကို အီရန်ထိပ်တန်းသံတမန် အာဘတ်စ် အာရာဂ်ချီ လာရောက်တွေ့ဆုံပါတယ်။ ဒမတ် စကတ်ကို မထွက်ခွာခင် အီရန်ဟာ ဆီးရီးယားအစိုးရနဲ့ စစ်တပ်ကို အခိုင်အမာ ထောက်ခံမယ်လို့ အာရာဂ်ချီက ပြောဆိုခဲ့ကြောင်း IRNA သတင်းက အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
အာဆတ်နဲ့ အာရာဂ်ချီတို့ဟာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဒေသဆိုင်ရာတိုးတက်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။၂၀၁၁ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်အတွင်း တီဟီရန်ဟာ အာဆတ်ရဲ့ ခိုင်မာ တဲ့ မဟာမိတ်ဖြစ်ခဲ့ပြီး ဆီးရီးယားမှာ အီရန်တိုက်ခိုက်ရေးတပ်တွေမရှိပေမယ့် စစ်အကြံပေးနဲ့ လေ့ကျင့်ရေး အရာရှိ တွေ ထားရှိခဲ့တာပါ။

လက်ဘနွန်က အီရန်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ဆီးရီးယားအစိုးရဘက်က နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ ပါတယ်။ ပြည်ပနောက်ခံပြု အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရာမှာ မဟာမိတ်တွေ၊ မိတ်ဆွေတွေရဲ့ ပံ့ပိုးကူ ညီမှု အရေးကြီးတယ်လို့ အာဆတ်က အလေးပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အစ္စလာမ်ဝါဒီတွေ ဦးဆောင်တဲ့ သူပုန်တွေဟာ မကြာခင်ရက်ပိုင်းက အလက်ပိုမြို့က နေရာအများစုကို သိမ်းပိုက်ထားပါတယ်။
ရုရှားလေတပ်နဲ့ ဆီးရီးယားလေတပ်ကလည်း အဲဒီသူပုန်တွေရဲ့စခန်းတွေကို လေကြောင်းကနေ တန်ပြန်တိုက်ခိုက် ခဲ့ကြပါတယ်။ အံ့အားသင့်ဖွယ်ရာ သူပုန်ထိုးစစ်ဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ကြံစည်မှုဖြစ်တယ်လို့ အာရာဂ်ချီ ကစွပ်စွဲလိုက်ပြီး ဆီးရီးယားစစ်တပ်က အရင်ကလိုပဲ နောက်တစ်ကြိမ် အနိုင်ယူနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါ တယ်။