စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်းချေ့ဇ်ရဲ့ သုံးရက်ကြာ တရုတ်နိုင်ငံအလည်အပတ်ခရီးကို စက်တင်ဘာ ၈ ရက်က စတင် ခဲ့ပါတယ်။
ဥရောပသမဂ္ဂ ဝက်သားတင်သွင်းမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး ဘေဂျင်းက စုံစမ်း စစ်ဆေးနေချိန်မှာ ဥရောပရဲ့ အကြီးဆုံး ဝက်သားတင်ပို့သူဖြစ်တဲ့ စပိန်ရဲ့ ခေါင်းဆောင် ရောက်ရှိသွားတာပါ။
ဘေဂျင်းမြို့ကို လက်ထောက်ကုန်သွယ်ရေးဝန်ကြီးနဲ့အတူ ရောက်ရှိလာတဲ့ ဆန်းချေ့ဇ်ကို စက်တင်ဘာ ၉ ရက်က ပြည်သူ့နန်း တော်မှာ ကြိုဆိုလိုက်ပြီး သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံလုပ် လျှပ်စစ်ကားတွေကို အီးယူက ယာယီ စည်းကြပ်ခွန်ကောက်ဖို့ ကြေညာပြီးနောက် တရုတ်နဲ့ အီးယူအကြားမှာ ကုန်သွယ်ရေး အငြင်းပွား မှုတွေနဲ့ ရှုပ်ထွေးနေပါတယ်။
တရုတ်နိုင်ငံဟာ လက်တုံ့ပြန်တဲ့အနေနဲ့ အီးယူက ဘရန်ဒီ၊ နို့ထွက်ပစ္စည်းနဲ့ ဝက်သား ထုတ်ကုန်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်က တရုတ်နိုင်ငံကို အီးယူက တင်ပို့တဲ့ ဝက်သားပမာဏဟာ ယူရို ၁ ဒသမ ၂ ဘီလီယံဖိုးရှိပြီး အဲဒီရဲ့ ၂၂ ရာခိုင်နှုန်းကို စပိန်က တင်ပို့တာ ဖြစ်ပါတယ်။
ဆန်းချေ့ဇ်ဟာ အင်္ဂါနေ့ ညနေပိုင်းမှာ ရှန်ဟိုင်းကို သွားရောက်ပြီး စပိန်-တရုတ် စီးပွားရေးဆိုင်ရာ အစည်းအဝေးကို ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။