ခရမ်းချဉ်သီးတိုက်ပွဲ ပွဲတော်အတွက် တန်ချိန် ၁၂၀ လောက်ရှိတဲ့ အရည်ရွှမ်းတဲ့ ခရမ်းချဉ်သီးတွေကို သြဂုတ် ၂၇ ရက်က ထရပ်ကား ခုနစ်စီးနဲ့ တင်ဆောင်ပြီး စပိန်နိုင်ငံ ဘူနိုလ်မြို့ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဗလန်စီယာကနေ ၃၉ ကီလိုမီတာအကွာမှာရှိတဲ့ ဘူနိုလ်မြို့လေးဟာ လူဦးရေ အတော်လေး နည်းပါးပေမယ့် အခုပွဲတော်ကို ကမ္ဘာတစ်ဝန်းက လူ ၂၂၀၀၀ ကျော် လာရောက်လည်ပတ် ဆင်နွှဲကြမှာ ဖြစ်ပါတယ်။
ခရမ်းချဉ်သီး တိုက်ပွဲဟာ ကမ္ဘာ့အကျော်ကြားဆုံး အစားအစာနဲ့ တိုက်ပွဲတွေထဲ ပါဝင်ပါတယ်။
တိုမာတီနာ လို့ခေါ်တဲ့ ခရမ်းချဉ် သီးတိုက်ပွဲဟာ ၁၉၄၅ ခုနှစ်က ရွာသူရွာသားတွေအကြား အလိုအလျောက် စေ့ဆော်လာတဲ့ အခြေအနေနဲ့ အစပြုခဲ့တယ်လို့ ဆိုပါတယ်။
ဒီပွဲတော်ဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေအတွင်း ဗိုလ်ချုပ်ကြီး ဖရန်စစ္စကို ဖရန်ကိုရဲ့ အုပ်ချုပ်မှု မြင့်မားချိန်မှာ ခဏတာ ပိတ်ပင်ခံခဲ့ရပေမယ့် ၁၉၈၀ ပြည့်နှစ်တွေမှာ စပိန်တစ်ခွင် ရေပန်းစားလာပြီး ဒီနေ့အချိန်မှာတော့ စပိန်လူမျိုးတွေအပြင် ပြည်ပက လာရောက်လည်ပတ်သူ အများအပြားကိုပါ ဆွဲဆောင်နိုင်ခဲ့ ပါတယ်။