စပိန်ကမ်းခြေစောင့်တပ်ဟာ သြဂုတ် ၃၁ ရက်နေ့က ရွှေ့ပြောင်းနေထိုင်သူ ၂၄၉ ယောက်ကို ကနာရီယာကျွန်းတွေ ရဲ့ ကမ်းလွန်ကနေ ကယ်တင်ခဲ့ပါတယ်။
အမျိုးသမီး ၁၂ ယောက်နဲ့ ကလေး ၄ ယောက် အပါအဝင် ရွှေ့ပြောင်း နေထိုင်သူ ၁၇၄ ယောက်ပါရှိတဲ့ သစ်သားလှေတစ်စင်းကို အဲလ်ဟီအဲရိုးကျွန်းရဲ့ဆိပ်ကမ်းမှာ အရေးပေါ် ဝန်ဆောင် မှုတွေနဲ့ ရဲအရာရှိတွေက ကူညီပေးခဲ့ရပါတယ်။
လူ ၇၅ ယောက် တင်ဆောင်ထားတဲ့ တခြားလှေတစ်စင်းလည်း စနေနေ့ အစောပိုင်းက ဂရန်း ကနာရီယာကျွန်းရဲ့ ဆိပ်ကမ်းတစ်ခုကို ရောက်ရှိလာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကနာရီယာကျွန်းစုတွေကို ရွှေ့ပြောင်းတွေရောက်ရှိမှုတားဆီးရေးအတွက် ရည်ရွယ်ပြီး စပိန် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်ဟာ သြဂုတ် ၂၇ ရက်က အနောက်အာဖရိကကို သွားရောက်ခဲ့ပါတယ်။
အနောက် အာဖရိကကနေ ရွှေ့ပြောင်းသွားလာမှုလမ်းကြောင်းဟာ အခုနှစ်မှာ ၁၅၄ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ပထမခုနစ်လ အတွင်း ကနာရီယာကျွန်းတွေကို လူပေါင်း ၂၁၆၂၀ ဖြတ်ကူးခဲ့တယ်လို့ ဥရောပသမဂ္ဂနယ်စပ် အေဂျင်စီရဲ့ အချက်အလက်တွေအရ သိရပါတယ်။
လာမယ့်လတွေမှာ အာဖရိကနေ ရွှေ့ပြောင်းနေထိုင်သူ တစ်သိန်းခွဲအထိ အန္တရာယ်ရှိတဲ့ ဖြတ်ကျော်မှုတွေ ပြုလုပ်လာမှာကို စပိန်အာဏာပိုင်တွေ စိုးရိမ်နေကြပါတယ်။