ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးအကြား စစ်ဖြစ်မှာကို စိုးရိမ်တဲ့အတွက် ဘေရွတ်က ဟိုတယ်အများအပြားမှာ အခန်းတွေ လစ်လပ်နေပါတယ်။
များသောအားဖြင့် နွေရာသီမှာ လက်ဘနွန်မြို့တော် ဘေရွတ်ဟာ ခရီးသွားတွေကို ဆွဲဆောင်လေ့ရှိပါတယ်။ ခရီးသွားလုပ်ငန်းက တည်ငြိမ်မှုအပေါ်မှာ အများကြီး မူတည်တဲ့အတွက် ဂါဇာစစ်ပွဲ စတင်ကတည်းက ဘေရွတ်ရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု ရှိလာတယ်လို့ ဘေရွတ် ဟီလ်တန်ဟိုတယ်အုပ်စု အရောင်းမန်နေဂျာတစ်ယောက်က ပြောပါတယ်။
ဂါဇာက ပါလက်စတိုင်းဟားမာ့စ်နဲ့ အစ္စရေးအကြား ၁၀ လကြာစစ်ပွဲအတွင်း လက်ဘနွန် ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးစစ်တပ်တို့လည်း ရန်လိုမှုတွေ အတွင်း ပိတ်မိနေပြီး တခြားမျက်နှာစာများစွာကို ပျံ့နှံ့သွားကာ အရှေ့အလယ်ပိုင်း စစ်ပွဲကြီးဖြစ်မှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒီအတွက် နိုင်ငံတကာလေကြောင်းလိုင်းတွေဟာ ဒေသတွင်းကို ပျံသန်းမှုတွေ ဆိုင်းငံ့ထားဖို့ ဒါမှမဟုတ် ထိခိုက်မှုရှိတဲ့ လေကြောင်းနေရာတွေကို ရှောင်ရှားဖို့ ဆော်ဩခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံဟာ လက်ရှိ ပဋိပက္ခ မစတင်ခင်ကပင် ငါးနှစ်တာ စီးပွားရေးအကျပ်အတည်းကြောင့် အခြေခံဝန်ဆောင်မှုတွေ ပေးအပ်ဖို့ ရုန်းကန်ခဲ့ရသလို စီးပွားရေးပြဿနာတွေနဲ့အတူ နယ်စပ် ပဋိပက္ခတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။