စကော့တလန်နိုင်ငံက ဆာဇာဗော့(တ်) အာကာသစခန်းမှာ တနင်္လာနေ့က ဒုံးပျံအင်ဂျင်စက် တစ်လုံး စမ်းသပ်မှု လုပ်ရင်း ပေါက်ကွဲမီးလောင်သွားခဲ့ပါတယ်။

အဲဒီစခန်းဟာ စကော့တလန်ကမ်းလွန်က ရှက်(တ်)လန်းဒ်ကျွန်းမှာ တည်ရှိပြီး မနှစ်က ဗြိတိန်ရဲ့ ပထမဆုံး တရားဝင်ခွင့်ပြုချက်အရ ဒေါင်လိုက် ဒုံးပစ်စင်ရှိရာ စခန်းဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာ အင်ဂျင်ပေါက်ကွဲမှုကနေ မီးတန်းတွေ ပွင့်ထွက်လာခဲ့တာကို အခုလို တွေ့ရပါတယ်။

အဲဒီအင်ဂျင်စမ်းသပ်မှု မလုပ်ခင်မှာ စခန်းမှာ ကြိုတင်နေရာရွှေ့ပြောင်းမှုတွေ လုပ်ထား ခဲ့တဲ့အတွက် ဒဏ်ရာရသူမရှိခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စမ်းသပ်မှု ပြုလုပ်နေစဉ် ပုံမှန်မဟုတ်တဲ့ စက်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြောင်းလည်း ဆာဇာဗော့(တ်)စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။