မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် ၁၂ ရက်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အဆောက်အဦး ၇၆၄၉ ကျော် ထိခိုက်ခဲ့ပါတယ်။

အဲ့ဒီထဲမှာမှ အဆောက်အဦး ၇၂၀၀ ကျော်သာ အနည်းငယ်ထိခိုက် ခဲ့ပြီး အဆောက်အဦ ၃၉၀ နီးပါး ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့ကြောင်း Bangkok Post သတင်းမှာဖော်ပြထားပါတယ်။
ဒါ့ကြောင့်လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေ ကယ်ဆယ်ရေးဝန်ထမ်းတွေက အနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်ပြီးဘေးကင်းရေးကိုဦးစားပေးဆောင်ရွက်နေကြသလို ပျက်စီးသွားတဲ့အဆောက်အဦတွေကိုလည်း ထိုင်းအစိုးရက ပြန်လည်စစ်ဆေးဖို့တိုက်တွန်းထားပါတယ်။

ဆိုးရွားစွာပျက်စီးခဲ့တဲ့ အဆောက်အဦ ၆၀ ကျော်ကို ပိတ်ပစ်ခဲ့ပြီး ချက်ချင်း ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေကပြောကြားထားပါတယ်။
လက်ရှိမှာရင်ဆိုင်နေရတဲ့ ကုန်ကျစရိတ်မြင့်မားမှုတွေ ပြန်လည်ပြုပြင်ရေးလုပ်ငန်းစဉ်တွေအတွက် များစွာအခက်တွေ့မှာဖြစ်ပေမယ့် အားလုံးစုပေါင်းဝိုင်းဝန်းပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရတဲ့အဆောက်အဦးတွေကို ပြန်လည်စစ်ဆေးပြုပြင် ပြင်ဆင်ကြဖို့လည်း ထိုင်းအစိုးရက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ငလျင်ဒဏ်ကြောင့် ဘန်ကောက်မြို့အနီးနားပတ်ဝန်းကျင်တစ်ဝိုက်မှာ အိမ်ခြေပေါင်း ၁၈၈၃၇ နီးပါးပျက်စီးခဲ့ပြီး လက်ရှိမှာပျက်စီးခဲ့တဲ့ အိမ်ခြေ တွေအတွက် အကောင်းဆုံးပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်နေကြပါတယ်။