ဂျာမနီအနောက်ပိုင်း ဆိုလီဂျန် မြို့မှာ ဓားနဲ့တိုက်ခိုက်ခဲ့မှုအတွက် သြဂုတ် ၂၄ ရက်က ဒုတိယမြောက်ဖမ်းဆီးမှု ပြုလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မြို့ရဲ့ ပွဲတော်တစ်ခုမှာ သောကြာနေ့နှောင်းပိုင်းက လူသုံးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိသွားတဲ့ ဓားနဲ့သောင်းကျန်းမှုဟာ အကြမ်းဖက်ဝါဒစွဲ ပြစ်မှုဖြစ်တယ်လို့ ဒူဆယ်ဒေါ့ဖ် အစိုးရရှေ့နေ မားကပ်စ် ကက်စ်ပါက ပြောပါတယ်။
ဦးစွာပထမ အသက် ၁၅ နှစ်အရွယ် လူတစ်ဦးကို ဖမ်းဆီးထားပြီး အခု ဒုတိယမြောက် ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အသေးစိတ် မထုတ်ပြန်သေးပါဘူး။
ထိခိုက်သူတွေနဲ့ ပထမဖမ်းဆီးခဲ့တဲ့ တိုက်ခိုက်သူဟာ ဆက်နွယ်မှုမရှိဘဲ အကြမ်းဖက်ဝါဒစွဲ စေ့ဆော်မှုကြောင့် ဖြစ်နိုင်တယ်လို့ ကက်စ်ပါက ပြောပါတယ်။
တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ်အဖွဲ့ကလည်း Telegram app ကတဆင့် အထောက်အထား မပြဘဲ ထုတ်ပြန်ခဲ့ပါတယ်။ ပါလက်စတိုင်းတွေနဲ့ နေရာတိုင်းက သူတို့ဘာသာဝင်တွေအတွက် အဖွဲ့ဝင်တစ်ဦးက တိုက်ခိုက်ခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။