ယူကရိန်း ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ယူရို ၁၁ ဘီလီယံ ကျော်တန်ဖိုးရှိတဲ့ စစ်ရေး အကူအညီတွေကို ၂၀၂၉ ခုနှစ်အထိ ပေးအပ်သွားမှာဖြစ်ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ္စ ပစ္စတိုးရီးယပ်စ်က ဧပြီလ ၁၁ မှာ ပြောကြားခဲ့တဲ့အကြောင်း abc သတင်းမှာထုတ်ပြန်ထားပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ ကျင်းပတဲ့ ယူကရိန်း ကူညီပေးရေး မဟာမိတ် နိုင်ငံတွေဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောလိုက်တာဖြစ်ပါတယ်။

ယူရို ၁၁ ဘီလီဘံကျော် စစ်ရေးအကူအညီပေးအပ်မှုဟာ လာမယ့်၂၀၂၆ခုနှစ် ကနေ ၂၀၂၉ ခုနှစ်အထိဖြစ်ပြီး ယူကရိန်းတပ်တွေအတွက် အရေးအကြီးဆုံးလိုအပ်တဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ၊ ဒုံးကျည်တွေကို ဦးစားပေး ကူညီသွားမယ်လို့ ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။

အခု ၂၀၂၅ ခုနှစ်ထဲမှာ ပေးအပ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တဲ့ စစ်ရေးအကူအညီတွေမှာလည်း IRIS-T လေကြောင်းရန် ကာကွယ်စနစ်နဲ့ ဒုံးကျည်တွေ၊ PATRIOT ဒုံးကျည်တွေနဲ့ လက်နက်ကြီးကျည် တစ်သိန်း ပါဝင်တယ်လို့ ဂျာမန် ကာကွယ်ရေးဝန်ကြီး ဘောရစ္စ ပစ္စတိုးရီးယပ်စ်က ပြောကြားသွားပါတယ်။