ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းဒေသမှာ ကြာသပတေးနေ့က ပြင်းအား (၇ ဒသမ ၁)ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ် သွားခဲ့လို့ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတယ်လို့ ဂျပန်မိုးလေဝသ အေဂျင်စီက ပြောပါတယ်။
အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပေမဲ့လို့ လတ်တလောမှာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှု သတင်းမျိုး မရရှိသေးဘူးလို့ ပြောပါတယ်။
ငလျင်လှုပ်ပြီးနောက် X လူမှုကွန်ရက်စာမျက်နှာပေါ်တက်လာတဲ့ ဗီဒီယိုတစ်ခုမှာ ရှီဘူရှီ ဒေသက ကမ်းပါးတစ်ခုကနေ ကျောက်ခဲတွေ ပဲ့ကျပြိုဆင်းသွားတာကို တွေ့ရပါတယ်။

မီယာဇာကီနဲ့ အွီတာ ဒေသတွေမှာ တပ်ဆင်ထားတဲ့ ရာသီဥတုစောင့်ကြည့်ရေး ကင်မရာတွေဟာ ငလျင်ကြောင့် ပြင်းထန်စွာ တုန်ခါလှုပ်ယမ်းသွားခဲ့တာကို အခုလို တွေ့ရှိရပါတယ်။
ငလျင်အရှိန်ကြောင့် နျူဓာတ်အားပေးစက်ရုံတွေမှာ မူမမှန်တဲ့ ဖြစ်စဉ်မျိုး မရှိဘဲ အစိုးရက ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးဒဏ်ရာရရှိမှု အခြေအနေတွေကို လိုက်လံ စစ်ဆေးနေတယ်လို့ ဂျပန်အစိုးရ အဖွဲ့ အတွင်းဝန်ချုပ် ယိုရှီတာ မာဆာ ဟာယာရှီက သတင်းမီဒီယာတွေကို ပြောပါတယ်။