ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းဒေသကို တိုင်ဖွန်း ရှန်ရှန် ချဉ်းကပ်လာနေတာကြောင့် အိုရှီကျွန်းစုတွေမှာ အင်္ဂါနေ့က မိုးသည်းထွန်စွာ ရွာသွန်းခဲ့ပါတယ်။
တတ်ဆူဂိုကျွန်းရဲ့ ကမ်းခြေတစ်လျှောက်ကို ကြီးမားတဲ့ လှိုင်းလုံး ကြီးတွေ လာရောက်ရိုက်ခတ်နေပြီး ကျွန်းရဲ့ နေရာအနှံ့မှာ လေပြင်းနဲ့အတူ မိုးသည်းထန်မှုကြောင့် သစ်ပင်တွေ လဲကျခဲ့ပါတယ်။
တိုင်ဖွန်း အရှိန်ကြောင့် အမာမီ လေဆိပ်ကိုလည်း အင်္ဂါနေ့မှာပဲ ပိတ်ထားလိုက်ပြီး ဆိုက်ရောက် ထွက်ခွာ လေကြောင်းခရီးစဉ်အားလုံးကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
ဒေသခံတွေအနေနဲ့ လေပြင်းနဲ့ မိုးကြီးမှု အန္တရာယ်ကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ ဂျပန်အစိုးရက တိုက်တွန်းထားပါတယ်။