မဟာမိတ်တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ တိုးမြှင့်လုပ်ဆောင်ဖို့ ဂျပန်နိုင်ငံမှာ အမေရိကန်ရဲ့ စစ်ဘက်ကွပ်ကဲမှုကို အကြီးစားပြန်လည်ပြင်ဆင်မှု ပြုလုပ်မယ်လို့ အမေရိကန်က ဇူလိုင် ၂၈ ရက်မှာ ကြေညာခဲ့ ပါတယ်။

တိုကျိုမှာ အမေရိကန်နဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးတွေဖြစ်တဲ့ အန်တိုနီ ဘလင်ကန်နဲ့ ယိုကို ကာမီ ကာဝါ၊ ကာကွယ်ရေးဝန်ကြီးတွေဖြစ်တဲ့ လွိုက်အော်စတင်နဲ့ မီနိုရူ ကီဟာရာတို့အကြား လုံခြုံရေး ဆွေးနွေးပွဲ အပြီးမှာ အဲဒီ ကြေညာချက် ထွက်ပေါ်လာတာပါ။

အခုပုံစံသစ်ကို တိုကျိုရဲ့ ကိုယ်ပိုင်အစီအစဉ်နဲ့ ၂၀၂၅ ခုနှစ် မတ်လမှာ ပူးတွဲကွပ်ကဲမှုတစ်ခု တည်ထောင်မယ့် အစီအစဉ်တွေနဲ့အပြိုင် အကောင်အထည်ဖော်မယ်လို့ ဝန်ကြီး တွေက ပူးတွဲကြေညာချက်မှာ ပြောဆိုခဲ့ကြပါတယ်။
ပြုပြင်မွမ်းမံမှုဟာ စူပါပါဝါ တရုတ်နိုင်ငံရဲ့ ဆင့်ကဲတိုးတက် နေတဲ့ လုံခြုံရေးပတ်ဝန်းကျင်လို့ ဆိုထားတဲ့အချက်ကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ဆောင်မှုများစွာထဲက တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။