ဂျပန်နိုင်ငံမှာ အချောဆုံး မင်းသမီးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ Love Letter ဇာတ်ကားက ဂျပန် မင်းသမီး Miho Nakayama(မီဟို နာကာရမာ)ဟာ တိုကျိုနေအိမ်မှာ ဒီဇင်ဘာလ ၆ ရက်က ကွယ်လွန်သွား ပါတယ်။ တိုကျိုမြို့က နေအိမ်ရေချိုးကန်ထဲမှာ သေဆုံးခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၄ နှစ်ရှိပါပြီ။

၁၉၈၀ ပြည့်နှစ်ကတည်းက J-pop အဆိုတော်တစ်ယောက်အဖြစ် နာမည်ကြီးသလို Love Letter ဇာတ်ကားမှာ လည်း မီပိုရင် ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့လူသိများခဲ့တာဖြစ်ပြီး အကောင်းဆုံး မင်းသမီးဆုများစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူမဟာ လူကြိုက်များတဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး သီချင်းတွေလည်း သီဆိုခဲ့ပါတယ်။ အိုဆာကာမှာကျင်းပမဲ့ ခရစ္စမတ်ရှိုးတစ်ခုမှာ ဖျော်ဖြေဖို့ စီစဉ်ထားပေမဲ့ ကျန်းမာရေး အခြေအနေ ကြောင့် ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

ဒီ ရုတ်တရက်ဖြစ်ရပ်ကြောင့် လူအများ အံ့သြခဲ့ကြရပြီး လက်ရှိမှာ သေဆုံးရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးဘူးလို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောကြားထားပါ တယ်။