ဂျပန်ပင်လယ်ပြင်မှာ ရုရှားရဲ့ အကြီးဆုံး ကမ်းတက်ရေယာဉ် အက်မစ်ရဲလ် နာဗဲလ်စကော့ဗ် ဟာ အမြောက် ပစ်ခတ် လေ့ကျင့်မှုပြုလုပ်ခဲ့တယ်လို့ ရုရှား ပစိဖိတ် ရေတပ်အုပ်စုက တနင်္လာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ရေယာဉ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို စမ်းသပ်တဲ့အနေနဲ့ အဲဒီလေ့ကျင့်မှုကို လုပ်ခဲ့တာလို့ ပြောပါတယ်။

တပ်ဖွဲ့ဝင်တွေဟာ စက်သေနတ်ကြီးတွေကိုလည်း သဏ္ဍာန်တူလုပ်ထားတဲ့ ရန်သူသင်္ဘောငယ်တွေကို ပစ်ခတ်တဲ့ လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီလေ့ကျင့်မှုဟာ ရုရှား ပစိဖိတ်ရေတပ်အုပ်စုရဲ့ စစ်ရေးလေ့ကျင့်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်ခဲ့တာလို့လည်း ရုရှား Interfax သတင်းမှာ ဖော်ပြထားပါတယ်။