ဗြိတိန်ပါလီမန်ဟာ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရကိုယ်စားလှယ်တွေထဲမှာ ပါဝင်တဲ့ ဂျန်နရေးရှင်း Z တွေကို အခုအပတ်ထဲမှာ လက်ခံကြိုဆိုခဲ့ပါတယ်။

အခု ဗြိတိန်ပါလီမန်ကို ဝင်ရောက်လာတဲ့ အသက်ငယ်ရွယ်သူ ဂျန်နရေးရှင်း Z တွေဟာ ၁၉၉၅ ခုနှစ် နဲ့ ၂၀၁၂ ခုနှစ် ကာလတွေမှာ မွေးဖွားခဲ့ကြသူတွေ ဖြစ်ကြပါတယ်။

အဲဒီ အမတ်(၁၀)ယောက်ထဲမှာ (၉) ယောက်ဟာ လေဘာပါတီကဖြစ်ပြီး အဲဒီ (၉)ယောက်ထဲမှာမှ ပထမဆုံး အသက် ငယ်ဆုံး အမတ်အဖြစ် ၂၀၀၀ ပြည့်နှစ်မှာမွေးဖွားတဲ့ သူတစ်ယောက် ပါဝင်လာပါတယ်။

လေဘာပါတီက မဲအပြတ် အသတ် အနိုင်ရတဲ့ ရွေးကောက်ပွဲအပြီး ပထမဆုံးကျင်းပတဲ့ အင်္ဂါနေ့ ပါလီမန် အစည်းအဝေးမှာ ရွေးကောက်ပွဲ အနိုင်ရ အမတ်တွေ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။

ဗြိတိန်ပါလီမန်ရဲ့ ထုံးတမ်းစဉ်လာအတိုင်း သက်တော်ရှည် အမတ်ဖြစ်သူ ဆာ အက်ဒဝပ် လိတ်ချ်က အရင်ဆုံး ကျမ်းသစ္စာကျိန်ပြီး အဲဒီနောက်မှာ ဝန်ကြီးချုပ် ကီးရ် စတာမာ နဲ့ သူ့ရဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ၊ ရှဲဒိုးအစိုးရအဖွဲ့ရဲ့ အဖွဲ့ဝင်ဝန်ကြီးတွေက အသီးသီး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြ ပါတယ်။