ရှားရှားပါးပါး စူပါမွန်ဖြစ်စဉ်လို့ခေါ်တဲ့ မဟာလပြည့်ဝန်းကို အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ မြောက်ဘက် ကုန်တင်ဆိပ်ကမ်းတစ်ခုရဲ့ ကောင်းကင်ယံမှာ သြဂုတ် ၁၉ ရက်က မြင်တွေ့ခဲ့ရပါတယ်။
ဂျကာတာရဲ့ ညစ်နွမ်းနေ တဲ့ မီးခိုးရောင်ကောင်းကင်က မိနစ်အနည်းငယ်ကြာအောင် စူပါမွန်းရဲ့ အသွင်အပြင်ကို မထင်မရှား ဖြစ်စေခဲ့ပေ မယ့် နောက်ဆုံးတော့ ဆိပ်ကမ်းအပေါ်မှာ တောက်ပစွာ ထိန်လင်းနေခဲ့ပါတယ်။

အဲဒီ စူပါမွန်းအသွင်အပြင်ကို ဆိပ်ကမ်းလုပ်သားတွေနဲ့ ဒေသခံပြည်သူအတော်များများက သတိ မပြုမိခဲ့ကြပါဘူး။
စူပါမွန်းဆိုတာ ပုံမှန်လထက် ပိုမိုကြီးမားတဲ့ အသွင်အပြင်ဖြစ်ပြီး အကြောင်းရင်းကတော့ လရဲ့ပတ်လမ်းဟာ ကမ္ဘာနဲ့ ပိုမိုနီးကပ်တာကြောင့် ဖြစ်ပါတယ်။
အပြာရောင်လလို့လည်း ပြောကြပြီး ဒါဟာ လရဲ့အရောင်ကို ရည်ညွှန်းခြင်းမဟုတ်ဘဲ တစ်လထဲမှာ လပြည့်နှစ်ရက်ရှိချိန်မှာ ပေါ်ပေါက်တဲ့လ ဖြစ်ပါတယ်။